အပိုင်း 1 Uni

418 27 2
                                    

  "၀မ်ဘဲ ကောင်းတယ်~~~
‌၀မ်ဘဲကောင်းခဲ့တယ်~~~
၀မ်သာ အကောင်းဆုံးဘဲ~~~
တကယ်ဘဲ...၀မ်အကောင်းဆုံး~~~"

     မိုးအနည်းငယ်ရွာ ထားသဖြင့် ရာသီးဦးတုဟာ အနည်းငယ် အုံ့မှိုင်းနေ၏။ သီချင်းသံ တတီးတီ နှင့် ညီးနေသော ကောင်လေးတစ်ယောက်သည် ပြတင်းပေါက်တံခါးပေါ် လက်တင်ရင်း ခပ်မှိုင်းမှိုင်းဖြစ်နေသော မိုးကောင်ကင်ကြီးကို မော့ကြည့်ကာ မျက်စိ မှိတ်လျက် သီးချင်းဆိုနေသည်။

   ရှောင်ကျန့် သီချင်း ဆိုနေရာမှ ခဏရပ်လိုက်ပြီး စားပွဲပေါ်တွင် လင်းလျက် ရှိနေသော ကွန်ပြူတာလေးစီ အမြန်လျှောက်လာကာ ရေးလက်စ ၀တ္ထု ကုန်ကြမ်းများကို စစ်ကြည့်နေမိသည်။အပြီးမပျက်သေးသော စာတိုများနှင့် ဇာတ်ကွက်အနည်းငယ် လေးများပါ စလုံးကလေးများဟာ ဟိုတစ်နေရာ ဒီတစ်နေရာ ကပ်နေတော့၏။
    အခုထိ ၀တ္ထုခေါင်းစဉ်ကို အပေးရသေးပေ။ စာပွဲခုံအောက်ခြေ တွင် လုံးချေ‌ထားသော စက္ကူလုံးလေးများဟာ ပြန့်ကြဲနေတော့သည်။

   ယခုနေ ရှောင်ကျန့်၏ မာတာမိခင် သာ အခန်းထဲရောက်လာပါက ရှောင်ကျန့်တို့ ပြေးပေါက်မလွှတ်‌နိုင်တာကတော့ သေချာသည်။
    ခေါင်းကို တစ်ချက် ကုတ်လိုက်ပြီး အခန်းပေါက်၀တွင် ထား ထားသော အမှိုက်ပုံးကို အမြန်ကောက်ယူကာ သန့်ရှင်းရေးစလုပ်ရတော့သည်။
  အစက စက္ကူလုံးများဖြင့် ညစ်ပတ်နေခဲ့သော အခန်းလေးဟာ ယခုဆိုလျှင်လည်း
ညစ်ပတ်နေဆဲပါဘဲ။
  ရှောင်ကျန့် အမှိုက်ပုံသာ ကောက်ကိုင်လိုက်ရတယ် အမှိုက်လုံးကိုတော့ မကောက်ဖြစ်ပါ။
    သောက်ပျင်းကြီးတာတော့ မဟုတ်ဘူးနော် ရှောင်ကျန့်က တကယ် သောက်ပျင်း  မကြီးဘူး ကောက်ချိန်မတန်သေးလို့ မကောက်တာ
မဟုတ်လဲ နောက်ကျ ပြန်ရှုတ်သွားမှာဘဲလေ ဘာလို့ကောက်နေ ရမှာလဲ။

   ဒေါက်! ဒေါက်! ဒေါက်

   အခန်းတံခါးခေါက်သံကို ကြားလိုက်ရခိုက်
ရှောင်ကျန့် ကြမ်းပြင်ပေါ်ချလိုက်စ အမှိုက်ပုံးကို အမြန်ကောက်ယူကာ လေအလျှင်ဖြင့် စက္ကူလုံးများကို အမြန် ကုန်းကောက်လိုက်ရသည်။

  "မား..."

  ရှောင်မားမှ အခန်းအတွင်းသို့ ၀င်လာကာ ညာဘက်လက်ထဲတွင် ကြက်မွှေးတစ်ချောင်းကို ကိုင်ထားလျက် အခန်းအတွင်းကို ဝေ့ဝဲကြည့်သည်။ ‌
  ရှောင်မား၏ နောက်ကျောဘက်တွင် ချွေးပျံနေသောသူမှာ ရှောင်ကျန့်ပင်။

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now