အပိုင်း 16 Uni

150 11 15
                                    

ရှောင်ကျန့်က မျက်နှာငယ်လေးဖြင့် အိမ်တော်သို့သာ ပြန်လာခဲ့ရသည်။၀မ်အိမ်တော်ကို ရောက်တုန်းက ပြတင်းပေါက်၏ ဘေးနံရံပေါ်တွင် ပေါ်နေသော ၀မ်၀မ်ရဲ့ အရိပ်ကို ရှောင်ကျန့် မျက်မြင်တွေရပါသည်။သို့သော် အစေခံ၏ ပြောလာသောအလိမ်စကားများကို ရှောင်ကျန့် အင်းဟုသာ ပြောခဲ့ရသည်။၀မ်၀မ်က မတွေ့ချင်မှတော့ ရှောင်ကျန့်က ဘယ်တတ်နိုင်ပါ့မလဲ။၀မ်၀မ်ကို ကြိုက်တာ ‌လက်လျော့တော့မလားဟု လာမေးခဲ့လျှင်လည်း မလျှော့ပါဘူး မနက်ဖြန် ၀မ်၀မ်စီထပ်သွားမှာဟု မတုန့်မဆိုင်းဘဲ ပြန်ဖြေလိမ့်မည်ဖြစ်သည်။
တကယ်တော့ အစေခံ၏ စကားများဟာ လိမ်ပြောတာမဟုတ်ကြောင်းကို ရှောင်ကျန့် မသိခဲ့ချေ။

______

"ပိုင်လေး...~~~~~..ခေါင်း~~~ ခေါင်းကိုက်တယ်"

မို့ရီရှူးက မအီမသာရုပ်ဖြင့် နှုတ်ခမ်းလေးဆူကာ ပိုင်ယွဲ့၏ ရင်ခွင်ထဲတွင် ခေါင်း၀င်တိုးရင်း လက်နှစ်ဖတ်ကလည်း ပိုင်ယွဲ့ရဲ့ခါးကို တင်းကြပ်စွာဖတ်တွယ်ထားလေသည်။
ပိုင်ယွဲ့မှာ ထိုင်ရင်း အဖတ်ခံထားရသဖြင့် နှာခေါင်းရှုံ့လျက် လက်ကို မို့ရီရှူး ကျောပေါ်တင်ထားရလေသည်။ထိုအရာကို မို့ရီရှူးက မကျေနပ်သဖြင့် ပိုင်ယွဲ့ရင်ခွင်ထဲမှ ထွတ်ကာ လက်တစ်ဖတ်ကို ဆွဲယူပြီး ‌သူ့ခေါင်းပေါ် တင်စေလိုက်သည်။ခေါင်းပေါ်တင်ပြီးနောက် တဖန်ပြန်၍ ရင်ခွက်ထဲ မျက်နှာအပ်နေတော့သည်။
ပိုင်လေးရဲ့ ရင်ခွင်က မို့ရီရှူးရဲ့ စိတ်ကို ပျော်ရွှင်စေသည်။တဆတ်ထဲမှာဘဲ ၀မ်းနည်းလာရသည်။မို့ရီရှုးကဝေ့တတ်လာသော မျက်ရည်များကို ပိုင်ယွဲ့မမြင်စေရန် ခေါင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံးကို ပိုင်ယွဲ့ထံ နှစ်မြုပ်စေခဲ့သည်။

'ဒီအခိုက်အတန့်လေးကို တသက်လုံးသိမ်းထားချင်မိတယ်..ပိုင်လေး...နောင်လာမဲ့ ရက်တွေမှာ ပိုင်လေး..ကိုယ်တိုင် .ကိုယ့်ကို..ရင်ခွင်ထဲ ဆွဲသွင်းပြီး ဖတ်ထားပေးနိုင်ပါ့မလား..'

တိတ်တဆိတ် မျက်ရည်များပြိုကျလာခဲ့ရသည်။နောင်လာမဲ့ ရက်တွေကို မို့ရီရှူး ကြိုပြီး မတွေးတောချင်တော့ပေ။ဒီအခိုက်အတန့်လေးကိုသာ သူ့ရဲ့ စိတ်၊ခန္ဓာနှင့် ဝိဉာဉ်အကုန်လုံးကို နှစ်မြုပ်ထားလိုက်တော့သည်။
ကိုယ် မင်းကို တကယ်သဘောကျတာပါ ပိုင်ယွဲ့ စနောက်နေခြင်းလည်း မဟုတ်ခဲ့သလို
သရုပ်ဆောင်နေခဲ့ခြင်းလည်းမဟုတ်ပါဘူး။
မို့ရီရှူးဆိုတဲ့ သူက ပိုင်ယွဲ့ရဲ့တစ်ဦးတည်းအပိုင်ပါဆိုတာကို နန်းမြို့ရိုးပေါ်ကနေ တိုင်းသိပြည်သိ အော်ပြောချင်မိတယ်။အဲ့လိုအော်ပျော်နေတဲ့အချိန်မှာ ပိုင်လေးက မြို့တံတိုင်းအောက်ကနေ ပြုံးရယ်နေ‌တဲ့မျက်နှာနဲ့ မော့ကြည့်နေမှာကို ရှူးလေးအလိုချင်ဆုံးနဲ့နောက်ဆုံး ဆုတစ်ခုပါ ပိုင်ယွဲ့။ကိုယ်မင်းကို သဘောကျမိခဲ့တာက မင်းမမှတ်မိပေမဲ့ ၊
ပိုင်ယွဲ့က ကိုယ့်ကို မသိခင်ကတဲ့က ကိုယ်မင်းကို သဘောကျနေခဲ့မိတာ။အရင်တချိန်က နေ့၊ရက်၊လ၊ခုနှစ်၊အချိန်တွေကို မှတ်မိနေပါသေးတယ်။ပိုင်လေးကသာ ကိုယ့်ရဲ့ အသက်ရှင်သန်ရာအကြောင်းပြချက်လေးတစ်ခုဖြစ်တည်လာခဲ့တဲ့အချိန်ပေါ့၊ကိုယ် သတ်သေဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးတယ်၊ပိုင်လေးကို
မတွေ့ခင်အချိန်ကာလမတိုင်ခင်က ၊ကိုယ်အရာရာပြိုလဲနေတဲ့အချိန် မင်းကိုယ်တိုင် ကိုယ့်ကို စကားပြောခဲ့ဖူးတယ်။

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now