အပိုင်း 25 Uni

147 8 15
                                    


  ပြန်လမ်းတလျှောက်က တိတ်ဆိတ်ငြိမ်သက်နေသည်။လရောင်ရဲ့ဖြာကျနေတဲ့အလင်းရောင်ကြောင့် ‌ခပ်ဝါးဝါးသာမြင်နေရသည်။ကံကောင်းသည်က တဲများရှိရာသို့ရောက်ရန် အနည်းငယ်လိုသေးသည်။
  မို့ရီရှူးက မို့လျန်ချင်းရဲ့ ကျောပြင်ကို ပါးပြင်အပ်လိုက်ကာ ဒေါသထွတ်နေသော လေသံဖြင့် ရှားသခင်လေးကိုသာ ကြိမ်ဆဲနေသည်။စကားလုံးများက စာသားဖြင့် ရေးဖွဲ့ရန် အခတ်အခဲရှိနေသည့်အထိ။အဘိုးအဘွားတွေထိပါ ဖေကိုင်တုတ်ဆဲသည်။

"ချင်းအား...အဖေတောင်းပန်ပါတယ်...တကယ်ကို အဲ့ကောင်က အဲ့လိုလူစားမျိုးဆိုတာမသိခဲ့ဘူး...အခုတော့ အဖေ့သားလေးကို ဒုက္ခတွေခံစားစေမိပြီ..အဖေမကောင်းတာပါကွာ..."

"မဟုတ်ပါဘူး...ကျွန်တော်..အသက်ရှင်နေသေးတာဘဲမဟုတ်ဘူးလား.."

"ဘယ်လို....မင်းကို နှိပ်စက်တာက အဲ့လောက်ထိဆိုးဝါးတယ်လား.."

  မို့လျန်ချင်းမှာ ကျောပိုးထားရင်းဖြင့် အနည်းငယ်ပြုံးမိသွားသည်။စိတ်ထဲတွင် ပျော်ရွှင်မှု လှိုင်းလုံးလေးများ ဘယ်၊ညာယိမ်းနွဲ့လျက်ရှိသည်။မသိစိတ်ကနေ လှိုင်တတ်လာသော ခံစားချက်များကို အတင်းဖိနှိပ်ချုပ်တည်းထားသည်။ဒါက မဖြစ်နိုင်တဲ့အရာတစ်ခုဘဲလေ။ရီရှူးက ပိုင်ယွဲ့ကို ကြိုက်နေတယ် ဆိုတဲ့ အမှန်တရားကို မို့လျန်ချင်း လစ်လျူရှုရန် မဖြစ်နိုင်ပေ။

"ဟုတ်တယ်....သူတို့က ကျွန်တော်ကို အန်ချီ လူတန်းစားတွေစီရောင်စားခဲ့တာလေ.."

အန်ချီလူတန်းစားဆိုတာက သူတို့ ၀ယ်လာတဲ့ကျွန်များကို စိတ်ဖြေဖို့ရာ တစ်ခုအဖြစ် မှတ်ယူထားကာ နှိပ်စက်မှုများ၊ရက်စက်မှုများကို ပြုလုပ်တတ်သော သူများကို အန်ချီဟု ခေါ်ဝေါ်ကြသည်။သူတို့လက်ထဲရောက်သွားလျှင်တော့ တစ်လမ်းဘဲရှိတယ် ၎င်းအရာက သေလမ်းဖြစ်ပြီး အဆုံးမရှိလှသော နှိပ်စက်မှုများအောက်တွင် အသက်ရှင်လျက်
ရှိနိုင်သေးသူများက အပုံတစ်ရာပုံမှ တစ်ပုံသာရှိသည်။ဤ အန်ချီ လူတန်းစားလက်ထဲကနေ လွှတ်မြောက်လာသောသူများကို အသက်ပြင်းသော လူတန်းစားဟု ပြောဆိုကြသည်။သူတို့ရဲ့ အဓိကအားသာချက်ကတော့
နာကျဉ်မှုကို တောင့်ခံနိုင်ပြီး ပိုမို၍ အငြိုးကြီးသည်။

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now