အပိုင်း 19 Uni

159 14 27
                                    


ရှောင်မင်းကြီးဟာ သားဖြစ်သူ
ရှောင်ကျန့်၏ တိုက်ခိုက်စွမ်းရည်ကို နှုတ်ခမ်းမွှေးကို သတ်လျက် စိတ်တိုင်းကျနေတော့သည်။လှပကျော့ရှင်းစွာဖြင့် လူအများအမြင်ကြည့်လိုက်ရင်လည်း သိုင်းကွက်များက ရိုးရှင်းလွယ်ကူစွာဖြင့် တွေ့နိုင်သည်။သေသပ်စွာဖြင့် ဟာကွက်မရှိအောင် တိုက်ခိုက်နိုင်လိုက်ကာ တစ်ဖတ်ရန်သူ၏ အားနည်းလာမည့်အချိန်ကို စောင့်ဆိုင်းရင်း နောက်ဆုံးအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။မူရင်းအကြောင်းအရာကို သာသိရှိခဲ့ပါက လျှိုချင်းဖုန်းကို နှာဘူးဟု၍ပြောနေကြမည်ဖြစ်သည်။
အနိုင်ရရှိသူကို ဆုလာဘ်ချီးမြှင့်ရတာ ထုံးတမ်းအစဉ်လာမို့ ‌လိုရာဆု ဖြည့်စည်းပေးမည်ဟုပြောလိုက်ခြင်းဖြစ်သည်။
ရှောင်ကျန့်က ဒီအချိန်အခါကို ချောင်းမြောင်းနေသူဖြစ်လေရာ ဆုလာဘ်ကလည်း ဘာမဆိုတောင်းနိုင်တာမို့ ၀မ်၀မ်ကိုသာ တောင်းယူခဲ့သည်။ဘာလို့ ခမည်းတော်ရဲ့မျက်နှာက ပုပ်သိုးသွားရတာလဲ မဟုတ်မှ ခမည်းတော်က ၀မ်၀မ်ကို ကြိုက်နေလို့လား?။

"သားတော်...၀မ်၀မ်ကို ဆုလာဘ်အဖြစ်လိုချင်ပါတယ်.."

"!!!!!!"

ရှောင်ကျန့်၏ ဘေးနှစ်ခုံအကျော်တွင် မို့ရီရှုးဘေးမတ်တပ်ရပ်နေသော ပိုင်ယွဲ့မှာ ကိုယ့်နဖူးကိုသာ ပြန်ရိုက်ချမိတော့သည်။သူဆိုလိုချင်တာက အခုအချိန်အခါကိုမဟုတ်ပေ။
အမြန်ရှောင်ကျန့်အနားသွားလိုက်ကာ ကိုယ်ကို ငုံ့ကိုင်းရင်း

"အခုအချိန်ကိုပြောတာမဟုတ်ဘူး..ငါပြောချင်တာ သိတယ်မလား.."

ရှောင်ကျန့်က အသံကို နိမ့်လျက်

"မင်းပြောချင်တာလဲ..ငါမသိဘူး..ငါသိတာက အခု ၀မ်၀မ်ကို ဆုလာဘ်အဖြစ်လိုချင်တာဘဲ သိတယ်.."

".......!"

ခေါင်းကို ခါရမ်းလိုက်ရတော့သည်။ ရှောင်ကျန့်ရှေ့ကနေ ထွတ်လိုက်ကာ ရှောင်မင်းကြီးဘက် လှည့်လိုက်ရင်း အရိုသေပြုကာ

"မင်းသား..ဆိုလိုချင်တဲ့ အဓိပ္ပာယ်က..၀မ်သခင်လေးကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ အရာကို ဆုအဖြစ်လိုချင်တာကိုပါ..မင်းကြီး.."

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now