အပိုင်း 6 Uni

265 20 15
                                    


    ၀မ်ရိပေါ်ကို ရှောင်မင်းကြီးမှ အလှနတ်ဘုရားဘွဲ့အမည်ပေးကာ နန်းဆောင်တစ်ခု ချီးမြှောက်ခဲ့လေသည်။ထိုသို့ ချီးမြှောက်ရခြင်းအကြောင်းအရင်းမှာ ၀မ်မိဘုရားကြောင့်ဖြစ်လေရာ ၀မ်မိဘုရားရဲ့ တိုင်းပြည်အပေါ်သစ္စာဖောက်မှုက ၀မ်တိုင်းပြည်အတွက် ဆူးရှင်းပေးထားသော လမ်းဖြောင့်ဖြောင့်ဖြူးဖြူးလေးဖြစ်စေခဲ့လေသဖြင့် ၀မ်မိဘုရားရဲ့နောက်ဆုံးတောင်းဆိုချက်တစ်ခု သို့တည်းမဟုတ် နောက်ဆုံးဆန္ဒလေးတစ်ခု ဖြစ်ခဲ့ခြင်းကြောင့်ဖြစ်လေရာ ထို့ကြောင့်လည်း ရှောင်ဘုရင်မှ ၀မ်ရိပေါ်ကို စစ်သုန်ပန်းဖြင့် အများအမြင်ခေါ်လာခဲ့သော်လည်း တကယ်တန်းကျတော့ ဘွဲ့ထူး၊ရာထူးပေးအပ်ကာ သက်တောင့်သက်သာ နေစေခဲ့လေသည်။

_______________......____

   
    "ပိုင်ယွဲ့......"

"ဘာလဲ....ရှောင်မင်းသား...."

    ပိုင်ယွဲ့က တံခါးဘောင်ကို ကျောမှီလျက် ပျင်းတိပျင်းရွဲ့လေသံဖြင့် ပြောနေသည်။ရှောင်ကျန့်မှာမူ လက်ထဲတွင် အဝါရောင်မှန်တစ်ချပ် အ၀တ် စနီတစ်ခု ကို ကိုင်ဆောင်ထားကာ

"ပိုင်ယွဲ့...မင်း..အခန်းထဲကနေ ထွတ်သွားပါလား...ငါလုပ်စရာရှိလို့...နောက်ပြီးတော့...မင်းလည်း လုပ်စရာရှိသေးတယ်မဟုတ်ဘူးလား...ငါက..မင်းသားဆိုတော့..လုပ်စရာတွေများတယ်..ငါ့ကို
အနှောက်ယှပ်မပေးဘဲနဲ့..မြန်မြန်သာ အခန်းထဲက ထွတ်သွားတော့..သွား..သွား..."

   ပိုင်ယွဲ့၏ ချောမောကာ ပြေပြစ်လှသော မျက်နှာနုနုလေးဟာ ရှုံ့မဲ့လျက်

"မင်းသား..အမိန့်အတိုင်းပါ.."

       ပိုင်ယွဲ့ထွက်သွားတော့မှ ရှောင်ကျန့် သက်ပြင်းမောချမိတော့သည်။ လက်ထဲတွင်ကိုင်ထားသော ပစ္စည်းနှစ်ခုကို နေရာကျစေလျက် အသက်ကို ပြင်းပြင်းတစ်ချက် ရှူးသွင်းလိုက်ပြီ...

"မှော်မှန်ကြီးရေ...မှော်မှန်ကြီးရေ....ဒီကမ္ဘာ ပေါ်မှာ၀မ်၀မ်က ဘယ်သူ့ကို အချစ်ဆုံးလဲ..."

   အဝါရောင်မှန်လေးကို ထောင်လျက် ထိုထောင်ထားသော မှန်ပေါ်ကို အနီရောင် အ၀တ်စလေးအုပ်လိုက်ပြီး စတင်ရေရွတ်လိုက်လေသည်။စကားဆုံးသည်နှင့် မှန်ကိုအုပ်ထားသော အ၀တ်စကို ဖွင့်ကြည့်လိုက်လေရာ မှန်ထဲတွင် ပြုံးလျက် ပေါ်နေသော ရှောင်ကျန့် ကိုယ့်မျက်နှာကို မြင်ရခိုက် အရေးကြီးသုတ်ဖြာဖြင့် အ၀တ်စကို ပြန်အုပ်လိုက်ကာ ရင်ဘက်ပေါ် လက်နှစ်ဖတ်ဖိလိုက်ပြီး

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now