အပိုင်း 23 Uni

142 9 8
                                    

  တစ်ခါတလေ ဖြစ်ချင်တိုင်းမဖြစ်လာတဲ့အခါ လူတွေက ၀မ်းနည်းလာကြလိမ့်မယ်။လူအများစုပေါ့ တစ်ချိန်ချိန်မှာ ခွဲခွာသွားကြမှာ သိသိရက်နဲ့ ချစ်ကြတယ်၊မုန်းကြတယ်၊ရန်ငြိုးထားကြတယ်၊စိတ်နာလာကြတယ်၊
လူအနည်းစုကတော့ သေမဲ့ရက်ကို အဓိပ္ပာယ်မဲ့စွာနဲ့ စောင့်ဆိုင်းကြတယ်။တနေ့ ကိုယ်သေရတော့မယ်ဆိုတာကို မျက်မြင်တွေ့ရမှဘဲ ကြေက်လန့်တတ်ကြလိမ့်မယ်။
  အချစ်နဲ့အမုန်းက တကယ်ကို ဘက်ပြောင်းလွယ်တဲ့ အမျိုးအစားတစ်ခုပါဘဲလား။ရုပ်၊နာမ်မရှိဘဲနဲ့ လူတွေက ဒီအရာတွေကိုဘဲ စွဲလမ်းနေကြတယ်။ကိုယ်ကိုတိုင်တောင် သတိမထားမိလိုက်ပါဘဲ လမ်းမှာရောက်လို့ ရောက်မှန်းမသိကြတဲ့လူတွေက အများသာ။လမ်းအမှန် ၊လမ်းအမှားဆိုတာ ကိုယ်ကိုတိုင်ရဲ့ ရွေးချယ်မှုမှာလဲ အများကြီးမူတည်တယ်။လူတိုင်းအမြင်ကို ဂရုစိုက်နေစရာမလိုပါဘူး။တစ်ချို့လူတွေက သူတို့ကြိုက်တာကိုဘဲ လမ်းအမှန်လို ခံယူတတ်ကြတာဘဲလေ။

"ငါမပြောခဲ့ဘူးလား...အဲ့မို့ရီရှူးက မင်းကို ရောင်းစားခဲ့တာကို..မင်းကမှ မယုံတာ..ဘယ်တတ်နိုင်ပါ့မလဲ.."

"......"

  လူစီကားလှသော လမ်းမထပ်တွင် ဈေးသည်များ၏ ဆူငြံသံများက မြို့၏ တ၀တ်ကျော်ကို ဖုံးလွှမ်းနေသည်။လမ်း‌‌ဘေးဖတ်ထုပ်ဆိုင် တစ်ခုရဲ့ စားပွဲတစ်နေ့ရာတွင် ထိုင်နေကြေသော မျက်နှာဖုံးနဲ့လူတစ်ယောက်နှင့် အစိမ်းပြာရောင် ရောယှပ်နေသော ၀တ်စုံကို ၀တ်ဆင်ထားသည့် ဆယ်ကျော်သက် လူငယ်တစ်ဦး။နှစ်ဦးစလုံးရဲ့ စိတ်ခံယူချက်များက မတူညီလှပေ။

"မျက်နှာဖုံးအရှင်....ခွင့်ပြုပါအုံး.."

မို့လျန်ချင်း ထထွတ်သွားမည်‌အပြု အနောက်မှ စကားတစ်ခွန်းပြောနေသည်။အစပိုင်း စိတ်မ၀င်စားဘဲ လှည့်ထွတ်မည်ကို ရပ်တန့်စေခဲ့သည်။

"မို့ရီရှူးကို မသေစေချင်ဘူးဆိုရင်..ငါခိုင်းတာ လုပ်ပေးရမယ်..မပြောတတ်ဘူးလေ..မင်းတစ်ခု အမှားလုပ်မိတာနဲ့ ကိုယ့်ရဲ့ လက်တစ်ချက်လှုပ်ရုံနဲ့တင် မို့ရီရှူးကို သတ်ပြစ်နိုင်တယ်.."

မို့လျန်ချင်းရဲ့ မျက်နှာတွင် သရော်အပြုံးတွဲခိုလို့သွားသည်။

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now