အပိုင်း 28 Uni

130 10 9
                                    


ရှောင်ကျန့် ရဲ့ကျောဘက်ကနေ ရင်ဘက်ထိ ထုတ်ခြင်းပေါက်နေသော မြှားဒဏ်ရာ၌သွေးများ အဆတ်မပျက် စီးကျလျက်ရှိိသည်။ဒူးများက မြေပြင်ပေါ်သို့ ချလျက်သားဖြင့် ၀မ်ရိပေါ်ရဲ့ ကျောပြင်လေးကိုသာ ငေးမောကြည့်နေသည်။နာကျဉ်မှုများကို မခံစားမိသည့်အလား ပါးစပ်ထဲမှ‌သွေးများ ယိုစီးနေသာ်လည်း အစေခံများ လာထူပေးသော် မထဘဲ ၀မ်ရိပေါ်မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်အထိ ထောင့်ခံကာ ‌ကြည့်ရှု့နေသည်။

"တော်သေးတာပေါ့...၀မ်၀မ် ..ထပ်မထိခိုက်လို့..."

  ခပ်တိုးတိုးလေး ရွေရွတ်နေသည်။ရှောင်ကျန့်မှာ ပုံလျက်သားလဲကျ‌သွားတော့သည်။

မို့ရီရှူးနှင့်ပိုင်ယွဲ့တို့ ပွဲကိုရောက်သည်နှင့် လူသေအလောင်းများကို တွေ့လိုက်ရသည်။

"ပိုင်လေး....အားကျန့်..ကိုမတွေ့ဘူး.."

ပိုင်ယွဲ့က စိုးရိမ်စိတ်မြင့်တတ်လာရကာ စနစ်မှဒီကနေ့မနက်မှ အသိပေးစာများစီသို့ ပြန်လည်း ရောက်ရှိသွားတော့သည်။

"မကောင်းတော့ဘူး..."

ဟု‌ပြောကာ မြို့၏အနောက်ဂိတ်စီအမြန်ပြေးသွားတော့သာ်။မို့ရီရှူးမှာလည်း ပိုင်ယွဲ့နောက်လိုက်သွားတော့သည်။ဟို ရောက်တော့ မြင်လိုက်ရသည်က ရှောင်ကျန့်ကို ဒူးထောက်လျက်သား အဝေးကို ငေးကြည့်နေတဲ့ မြင်ကွင်းကို ဖြစ်သည်။ရင်ဘက်ကနေ ထုတ်ခြင်းပေါက်ကာ စိုက်၀င်နေသော မြှားတစ်ချောင်းနှင့် အတူတွဲကာမြင်လိုက်ရသည်။
မို့ရီရှူးက ရှောင်ကျန့်ငေးကြည့်နေသော နေရာသို့အကြည့်ပို့မိတော့ ၀မ်ရိပေါ် ကိုမြင်လိုက်ရသည်။

၀မ်ရိပေါ်က ဘေးဘက်တွင် အနက်ရောင်၀တ်စုံများဖြင့်လူ များခြံရံလျက် ‌၀မ်ရိပေါ်၏ဘေးတွင် မျက်နှာဖုံးနှင့်လူကို တွဲမြင်လိုက်ရသည်။

"တောက်!!..."

   ရှောင်ချီနှင့် မို့လျန်ချင်းသည်လည်း ထိုနေရာသို့ ရောက်ရှိလာကြကာ ရှောင်ကျန့် နောက်တွင် ငေးကြည့်နေသောနေရာသို့ အကုန်အကြည့်ပို့မိကြသည်။ကိုယ်ရံတော်တပ်သားများကို မေးကြည့်တော့ ဖြစ်ကြောင်းအကုန်ကို ကြားသိရကြသည်။
ထိုအချိန် ရှောင်ကျန့်က လဲကျသွားတာမို့ အမြန်အနားသွားကြကာ ရှောင်ကျန့်ကို နန်းတော်သို့ အမြန်သယ်ယူသွားကြတော့သည်။

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now