အပိုင်း 29 Uni

129 11 12
                                    


မို့လျန်ချင်းက ရှောင်ချီကို ပွေ့ချီလို့ထားပြီး ဆေးများကို ပြည်သူများထံဝေပေးနေသော မို့ရီရှူးဆီကို တစ်ချက်လှမ်းကြည့်မိသည်
မို့ရီရှူးမှာ ပိုင်ယွဲ့၏ ဘေးတွင် ပြုံးရယ်လျက်ဖြင့် ဆေးများကို ပြည်သူများထံ ဝေပေးနေတော့သည်။
  ခဏလောက် ရပ်ကြည့်ပြီးသည်နှင့် ရှောင်ချီကို အမြန် သူ့ရဲ့ နန်းဆောင်စီသို့ ခြေလျှင် လမ်းလျောက်သွားတော့သည်။နန်းဆောင်ကို ပြန်ရောက်တော့ ရှောင်ချီက အိပ်ပျော်နေပြီဖြစ်နေသည်။တစ်ဖတ်ကလည်း မို့ရီရှူးကို စိတ်မချသော်လည်း ရှောင်ချီကိုလည်း မနိုးစေချင်ပေ။နောက်ဆုံး ရှောင်ချီကို အိပ်ယာအပေါ် အသာချပေးလိုက်ကာ ငုံမိုးကြည့်ရင်း
မို့လျန်ချင်း ပြုံးကာ ကြည့်နေမိသည်။
  ရှောင်ချီရဲ့ နှာခေါင်းလုံးလေးအပေါ် လက်တင်မလို့ရှိသေး ပစ္စည်းတစ်ခုကို မြင်လိုက်ရသည်။ကောက်ကိုင်ကြည့်လိုက်ပြီး သူ့နေရာနှင့် သူပြန်ထားလိုက်သည်။ရုပ်ပြန်တည် ရင်းဖြင့် နန်းဆောင်ကနေ ထွက်ခွာလာခဲ့တော့သည်။

  "အာ....ချင်းအာ...လာကူတာလား...အတော်ဘဲ...ဒီဆေးထုတ်တွေကို...အရှေ့ဘက်က ပြည်သူတွေစီဝေပေးအုံးနော်.."

  "ဟုတ်...အဖေ"..

  မို့လျန်ချင်းက ပြုံးရယ်လျက်ဖြင့် မို့ရီရှူး လုပ်ခိုင်းသမျှကို တသဝေမတိန်း လိုက်လုပ်နေသည်။ရှောင်ချီကိုလည်း မို့လျန်ချင်း စိတ်မချပေ။ထိုကောင်လေးက အရက်အနည်းငယ် မူးရင်ကို အိပ်ယာပေါ်ကနေ ပြုတ်ပြုတ်ကျတတ်ကာ တွေ့သမျှလူတိုင်းကိုလည်း လည်ပင်းဖတ်ကာ ပေါက်ကရစကားများကို ပြောတတ်သေးသည်။တခါတလေ
အစေခံများကို အရက်ထပ်၀ယ်ခိုင်းသေးပြန်သည်။ နာရီအနည်းငယ်လောက် ကူလုပ်ပေးပြီးသည်နှင့် ရှောင်ချီဆီအမြန်ပြန်သွားခဲ့တော့သည်။

"..........."

  ရှောင်ချီက ကုတင်ပေါ်တွင် ထိုင်လျက်သား ဖြစ်နေသည်။မို့လျန်ချင်းက အခုမှဘဲ သက်ပြင်းမောချနိုင်တော့သည်။

"မင်းသား...."

"လျန်ချင်း...ငါအခု..တစ်ယောက်ထဲနေချင်သေးလို့...မင်းလုပ်စရာရှိတာကို..သွားလုပ်လို့ရတယ်..ငါ့ကို စိတ်ပူနေစရာမလိုဘူး.."

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now