အပိုင်း 14 Uni

162 14 8
                                    


  ‌ မို့လျန်ချင်း၏ ဒဏ်ရာများကို တော်၀င်သမားတော်မှ ဂရုတစိုက်ကုသပေးလျက်ရှိလေသည်။နေ့တိုင်းကို ရှောင်ချီမှ တကြည့်ကြည့်ဖြင့် သူ့၏ ဟန်ရေးပြကိုယ်ရံတော်လေးကို မျက်စိအောက်မှ အပျောက်မခံနိုင်ဘဲရှိလေသဖြင့် မို့လျန်ချင်းမှာ ပို၍စိတ်ကုန်လာရသည်။ပိုဆိုးသည်က ထိုပုဂ္ဂိုလ်မှာ ရှောင်တိုင်းပြည်၏ မင်းသား3ဖြစ်နေခြင်းဖြစ်သည်။ငြင်းလို့လည်းမရဘဲရှိလေသဖြင့် အလိုက်သင့်ဘဲနေလိုက်ရန် ဆုံးဖြတ်လိုက်ရတော့သည်။

"မင်းသား..စိတ်မပူပါနဲ့ 3လလောက်အနားယူပြီသွားရင်..အကုန်ကောင်းသွားပါပြီ.."

  အဖြူလွှလွှပုံရိပ်ကလေးမှာ မျက်မှောင်ကုတ်လျက် တော်၀င်သမားတော်၏ စကားကို မကြိုက်သည့်အလား

"3လ.!!!!.."

"မ....မဟုတ်ပါဘူး...မဟုတ်ပါဘူး...3...3ရက်ပါ..မင်းသား..ကျွန်တော်မျိုးက အသက်ကြီးနေပြီဆိုတော့..စကားပြောတာလည်း အာလေးလျှာလေးဖြစ်နေလို့..မင်းသားခွင့်လွှတ်ပေးတော်မူပါ.."

  ထိုအခါမှ စိတ်ကျေနပ်စွာဖြင့် သဘောထားကြီးမြတ်သော ဟန်ပန်မျိုးဖြင့်

"အို...အဲ့ဒါဆိုလည်း..သမားတော်ကို..ကြောက်စေမိပြီ.."

"မဟုတ်တာ..မဟုတ်တာ..မင်းသား..ခွင့်လွှတ်ပေးတာနဲ့တင်ကို..လုံလောက်နေပါပြီ.."

   သမားတော်မှာ လေထုထဲတွင် မကောင်းဆိုးဝါး အငွေ့အသက်ကို ခံစားမိသည့်အလား။ကျောချမ်းသွားရကာ အမြန်နှုတ်ဆတ်ပြီး အခန်းအတွင်းမှ အမြန်ထွတ်သွားလေးတော့သည်။
  ရှောင်ချီက ပြုံးချိုနေသောမျက်နှာနှင့်
မို့လျန်ချင်းအနားအမြန်သွားကာ အထက်စီးမှ ငုံ့မိုးကြည့်ရင်း

"သမားတော်ပြောသွားတာကြားတယ်ဟုတ်...နောက်3ရက်လောက်ဆို..ဒဏ်ရာအကုန်ပျောက်ပြီဆိုဘဲ.."

  သွေးစို့နေသော ပတ်တီးလိပ်များ၊ခြေကျင်း၀တ်တွင် စည်းနှောင်ထားသော ပတ်တီးများ၊အင်္ကျီရင်ဘက်အနည်းငယ်ဟထားသဖြင့် ပေါ်နေသော တံဆပ်တုံးရာ အထပ်ထပ်တို့ကို မမြင်သည့်အလား ပြောနေသူကြောင့် မို့လျန်ချင်းမှာ ဘောက်ဆတ်ဆဆ်ဖြင့်

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now