အပိုင်း 8 Uni

192 16 15
                                    

     ၀မ်၀မ်ကို လက်ကနေအသာဆွဲကာ ဟွာမိန်းပျိုနားကနေ ထွတ်လာခဲ့လိုက်သည်။လက်သာဆွဲလာတာ ဘယ်သွားရမည်မသိသဖြင့် ရောက်တတ်ရာရာသာ ဆွဲခေါ်လာခဲ့လိုက်သည်။လမ်းတွင် လူတစ်ဦးရပ်စောင့်နေကာ ရှောင်ကျန့်ကို တွေ့သည်နှင့် ပြေးလာကာ ခါးကနေပွေ့ချီပြီး

"အားး.....အားကျန့်...မတွေ့ရတာကြာပြီ...မလွမ်းဘူးလားဟင်...ကျွန်မမှာတော့ ..ရှင့်ကိုလွမ်းလို့..သေတော့မှာဘဲ...ရှင်ကအရမ်းဆိုတာဘဲ...ကျွန်မကို တစ်ယောက်ထဲပြစ်ထားတယ်..စာလည်းမပို့...လူကြုံလည်း..စကားမပါး...ရှင် ဒီကမိန်းမ‌တစ်ယောက်နဲ့...ဖောက်ပြန်နေတယ်ပေါ့လေ.....
အားကျန့်..ရှင့်ကို သစ္စာရှိရှိနဲ့ကျွန်မစောင့်နေခဲ့တယ်..ဒါပေမဲ့..ရှင်က အခုလို လုပ်ရပ်တာ..ကျွန်မရင်တွေကွဲရပါတယ်...အားကျန်း..လူလိမ်ကြီး...ရှင်လူယုတ်မာ.."

"ကျစ်..မင်းအကျင့်ကအခုထိမပြောင်းလဲသေးဘူးနော်..အားရှူး..မတွေ့ရတာကြာပြီ...အခုငါ့ကို အရင်လွှတ်ပေးနော်..လိမ္မာတယ်.."
  
  မိန်းမငယ်လေးအသံ လုပ်ယူကာပြောနေသော လူငယ်လေးက ရှောင်ကျန့် ကို ဖတ်ထားရင် ရှောင်ကျန့်၏ ပုခုံးပေါ် မေးတင်လျက်

"ဟင့်...ရှင်ကအခုတော့ ကျွန်မကို အချစ်လေးလို့မခေါ်တော့ဘဲနဲ့..အမည်တပ်ခေါ်နေပြီပေါ့လေ..ဟုတ်မှာပါ..ရှင့်ဘေးက ‌မိန်းကလေးက လှတာကို..ရှင့်အခုလိုပြောတာလဲ..မလွန်ပါဘူးလေ..."

"အားရှူး!!...မနောက်နဲ့တော့နော်..အခုငါ့ကိုဖတ်ထားတာအရင်လွှတ်ပေး.."

"ကျွန်မမလွှတ်နိုင်...ကျွန်မရှင့်ကို လက်မလွှတ်နိုင်ဘူး...ကျွန်မလက်လွှတ်လိုက်ရင်..ရှင်က ဟိုမိန်းကလေးစီသွားမှာ...အဟင့်..ရှင့်အဲ့လောက်ထိ မရက်စက်သင့်ပါဘူး...ကျွန်မကအားနွဲ့တဲ့မိန်းမသားပါ..ရှင်"

"ကိုယ်အရှုံးပေးပါတယ်..မင်းနိုင်တယ်...မင်းနိုင်တယ်..."

   ထိုအခါမှ မိန်းမပျိုလေးအသံလိုလုပ်ကာပြောနေသော လူငယ်လေးက ရှောင်ကျန့်ကို အောက်ချပေးလိုက်သည်။ထိုလူငယ်လေးရဲ့ အရပ်က ရှောင်ကျန့်နှင့် မတမ်းမရိမ်းဖြစ်သည်။ရှည်သွယ်သော မျက်နှာလေးဟာ အေးချမ်းဖွယ်အတိ နှုတ်ခမ်းများကို ခပ်ဟဟဖွင့်လစ်ထားသဖြင့် မည်သို့ပင်ဆိုစေ ပြစ်ချက်တစ်စက်မျှဆိုရက်စရာမရှိသော လူချောလေးဖြစ်သည်။အ၀တ်စားများကို ခရမ်းရောင်နှင့် အစိမ်းရောင်ကို တွဲ၀တ်ထားသဖြင့် ရှင်းသန့်ကာ လူတော်တစ်ယောက်ပုံပေါက်လေသည်။

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now