ပထမဆုံးအနေနဲ့ ပြောချင်တာက ဒီ FanFic ဟာ ရေးခဲ့ဖူးသော 8 Letters ကို အခြေခံပြီး ပြန်လည်ရေးသားခြင်းဖြစ်ပါသည်။
*********
ခင်တွယ်မိ ခင်တွယ်ရာဆိုတဲ့ စကားကို သိကြတယ်မဟုတ်လား။ ငါ့ရဲ့ဇာတ်လမ်းကလည်း အဲ့ဒီက စတယ်လို့ ပြောရမယ်။ အလိုချင်ဆုံးသော အမျိုးသမီးငယ်ဟာ ငါ့ဇနီးအဖြစ်ရှိနေခဲ့ပေမယ့် တရက်မှ ငါမပျော်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီမိန်းကလေးက ငါ့ကို အပြည့်အဝ ပျော်ခွင့်မပေးလို့ပဲ။
'' ဘယ်လိုအပြုအမူကများ မမကို မချစ်ဘူးလို့ ထင်ရက်ရတာလဲ။ ဘယ်အရာက လီလီ့အချစ်ကို မမြင်နိုင်လောက်အောင် ကာဆီးထားတာလဲ။ ဘယ်သူ့ကြောင့် လီလီ့ကို အခုထိ မချစ်နိုင်သေးတာလဲ ''
လီဆာ့ဆံပင်တွေကို ဆွဲဖွပြီး မမကို ကြည့်လိုက်မိသည်။ မမသည် သူမရဲ့ပုံစံအတိုင်းပင် ခြေချင်းချိတ်ကာ ဆိုဖာပေါ်၌ ထိုင်နေသည်။ နှုတ်ခမ်းထက်ဝယ် သူ့အား အမြဲတစေ လှောင်နေခဲ့သော မဲ့ပြုံးကိုလည်း ချိတ်ဆွဲလျက်။ မမဆိုသော သူမဟာ အဘယ်ကြောင့်များ ဤကဲ့သို့ လှရက်နိုင်ရသလဲ။ မုန်းစရာကောင်းတဲ့ အခြေအနေမှာပင် မမဟာ လီဆာလက်မလွှတ်ချင်လောက်အောင် လှရက်ပါပေ့။
'' ဖြေလေ ''
မတူမတန်ဘူးဟု ထင်သည့်မမက မည်သည့်စကားမှ မဆို။ အိမ်အပေါ်ထပ်ကိုသာ တတ်သွားလေသည်။ မမ၏ ခြေဖဝါးတို့အောက် သူ့မာနတွေ မည်မျှ ခစားခဲ့ပြီးမှန်း မသိတော့။ လုပ်ယူထားတဲ့ အိမ်ထောင်ရေးဟာ အဖုအထစ် ဆူးခလုတ်တွေချည်းသာ။
အိပ်မောကျနေတဲ့ မမရဲ့ မျက်နှာနုနုလေးကို ချစ်မြတ်နိုးစွာ ငေးကြည့်နေမိ၏။ မမ .... မမဟာ တကြိမ်တခါတောင် သူ့အား ယောင်ရမ်း၍ မချစ်ခဲ့။ သစ္စာရှိနိုင်လွန်းတဲ့ မမရဲ့နှလုံးသားဟာ မမချစ်ခဲ့ဖူးတဲ့ အစ်ကိုဆိုသော ယောကျာ်းဆီ၌ မြုပ်နှံခဲ့သည်။ ခန္ဓာသက်သက်ချည်း လီဆာ ရခဲ့ပါသည်။
မနက်တွေ မရောက်ချင်ဘူး။ ဒီလိုမျိုး ညလေးပဲ ဖြစ်ချင်သည်။ မမဟာ မနက်ကိုရောက်ရင် သူ့ကို မုန်းတီးခြင်းနဲ့ စတင်သည်။ မမ ပင်ပန်းမှာကို စိုးရွံ့ပါသည်။ အခုလိုလေး မမအိပ်ပျော်နေမှသာ မမကို ချစ်မြတ်နိုးစွာ ငေးကြည့်ခွင့်ရှိတဲ့ သူ့အဖြစ်။ မမရဲ့ နှုတ်ခမ်းလေးဟာ ပန်းနုရောင်လေး သမ်းနေသော်လည်း လီဆာ့အပေါ်ဆို.......။ ထို့အတူပင် မမ၏ မျက်ဝန်းလေးဟာလည်း သူ့အပေါ်တွင် ရွံခြင်း မုန်းခြင်း စက်ဆုပ်ခြင်းနှင့် လှောင်ပြောင်ခြင်းများစွာ။
YOU ARE READING
𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱
Fanfictionပျော်ရွှင်ရတဲ့ နာကျင်ခြင်းတံတိုင်းလေးကို မမဟာ တဖက်စီကာရံလို့..,..။