အပိုင်း ၇

1.1K 191 12
                                    

တုန်ယင်နေသော လက်တွေကို တဖက်နဲ့တဖက် ဆုပ်ကိုင်ပြီး အတွေးတွေ ချာချာလည်နေသည်။ မမက လက်ထပ်တော့မယ်တဲ့။ နောက်လ ၁၉ရက်နေ့မှာ လက်ထပ်မှာတဲ့။ ငေးကြည့်နေရရင် ကျေနပ်နိုင်ပြီ ထင်ထားပေမယ့် တကယ်တမ်း လက်လွှတ်ရဖို့ ဖြစ်လာတဲ့အခါ ကမ္ဘာတွေ ပြိုရသည်။



'' ပိုလို!!  ...  ပိုလို!! ''




သူ့အော်သံအဆုံး ပိုလိုဟာ ဘေးကိုရောက်လာသည်။ သူ့အား စိုးရိမ်နေတဲ့ မျက်ဝန်းတွေဖြင့် ...။



'' ကျွန်တော်ရှိပါတယ် ဘော့စ် ''

'' မမက လက်ထပ်တော့မယ်တဲ့။ ဘယ်လိုလုပ်ကြမလဲ ''




တယောက်တည်း ကမ္ဘာပျက်နေတဲ့ သူ့ကို ပိုလိုက ဖမ်းထိန်းသည်။ ပုခုံးတွေကို ခပ်တင်းတင်း ဆွဲကိုင်ပြီး သူ့မျက်ဝန်းတွေကို ကြည့်သည်။




'' ဘော့စ်  .. စိတ်ကိုထိန်းပါဦး။ အခု လက်မထပ်သေးဘူးလေ။ ဘော့စ် ဖွင့်ပြောကြည့်ပါ။ မမလေးကို ဘော့စ် ငယ်ငယ်တည်းက ချစ်နေခဲ့တဲ့အကြောင်း ဖွင့်ပြောလိုက်ပါ ဘော့စ်။ အဲဒါတောင်မှ သူမက လက်ထပ်မယ်ဆိုရင် သူမ လက်ထပ်မယ့်ကောင်ကို ကျွန်တော်သတ်ပေးမယ် ''





လူသတ်ဖို့အထိတော့ လီဆာမလုပ်ရဲဘူး။ လီဆာ လူမသတ်ရဲသလို ပိုလို့ကိုလည်း မခိုင်းရက်ဘူး။ အထိအခိုက်နည်းတဲ့ နည်းလမ်းကို စဥ်းစားရမှာပဲ။





'' ငါ  မမကို ဖွင့်မပြောရဲဘူး ''

'' ဖွင့်ပြောလိုက်ပါ ဘော့စ်။ ဘော့စ် ခံစားချက်တွေကို ပြလိုက်ပါ ''






လီဆာ ခေါင်းကို အတွင်တွင် ခါရမ်းလိုက်သည်။ မပြောရဲဘူးလေ  ...  ပြောလိုက်လို့ မြန်မြန်ကြီး လက်ထပ်သွားရင် ဘယ်လိုလုပ်မလဲ။ လီဆာတို့ ဆရာတပည့်နှစ်ယောက် တီးတိုးတိုင်ပင်နေချိန် ဖေဖေရောက်လာသည်။




'' ဘာတွေပြောနေကြတာလဲ။ လီလီရေ  ..  ဖေဖေ အကူညီတောင်းစရာရှိတယ် ''

'' ဟုတ်ကဲ့ ဖေဖေ ''




အမူအရာကို အရင်ဆုံးပြင်လိုက်ပြီး ဖေဖေ့ရှေ့ကို သွားသည်။ ပိုလိုက သူ့နောက်မှာ ကပ်လျက်။




𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱Where stories live. Discover now