အပိုင်း ၁၁

1.5K 222 41
                                    

အပ်ထိုးထားတာ မမရဲ့လက်ကလေးဖြစ်ပေမယ့် တကယ်တမ်း နာကျင်ရတာက သူ့နှလုံးသားဖြစ်သည်။ မမက သူရှိနေတာကို အနေခက်တဲ့မျက်နှာ ဖြစ်နေသည်။ မမဘယ်လိုပုံစံပဲ လုပ်ပြ လုပ်ပြ ဒီညတော့ မမနားမှာ ကပ်တွယ်နေရမည်။ မမဟာ သူ့ကို အကြာကြီး မျက်စောင်းမထိုးနိုင်ပါ။ ဆေးရှိန်ကြောင့် အိပ်ပျော်သွားသည်။ မမအိပ်ပျော်မှ မမမျက်နှာလေးကို ငေးရသည်။

သူ့အဖြစ်က တရားဝင် လက်ထပ်ယူထားသော အမျိုးသမီးကို သူမအိပ်ပျော်မှ ခိုးပြီးချစ်ရသည်။ ဒါတောင် အသားချင်း ထိလို့မရ။ ချက်ချင်းနိုးလာပြီး နီးစပ်ရာနဲ့ ထုလိမ့်မယ်။ မမကို ဖက်ထားချင်သည်။ အရင်ကလို မမကို ရင်ခွင်ထဲထည့်ကာ မမရဲ့ကိုယ်သင်းနံ့လေးကို ပြန်မှတ်ချင်သည်။

မမရဲ့နှုတ်ခမ်းရဲရဲလေးကို အကြည့်ရောက်သွားတဲ့အခါ တံတွေးမြိုချမိသွား၏။ ရယ်စရာကောင်းတာက မမအိပ်ပျော်နေမှန်း သိတာတောင် နှုတ်ခမ်းရဲရဲလေးကို မနမ်းဝံ့ဘူး။

နမ်းလိုက်လို့ရတယ်။ မနမ်းရဲ မနမ်းရက်တာ။ သူနမ်းလိုက်မှ မမ နိုးသွားရင် သူ့ကိုကြည့်မယ့် အကြည့်တွေကို ခံနိုင်ရည်မရှိဘူး။ မမ မသိပဲ မမနှုတ်ခမ်းလေးကို  မထိတွေ့ရက်ဘူး။

အိပ်ပျော်နေတဲ့ မမဘေးက ကုတင်နေရာလွတ်မှာ ဦးခေါင်းကို တစောင်း တင်လိုက်သည်။ ဆိုဖာရော ကုတင်အပိုရော ရှိပေမယ့် သွားမအိပ်ချင်ဘူး။ မမမျက်နှာလေးကို မြင်ရတဲ့နေရာမှာပဲ နေချင်သည်။

အိမ်မက်တွေက လှသည်။ မမက အိမ်မက်ထဲမှာ သူ့ကိုချစ်သည်။ ငယ်ငယ်ကလို သူ့ဆံပင်တွေကို ထိုးဖွပြီး ခေါင်းလေးကို ​ပွတ်ပေးသည်။ မမြင်ရတာ သိပ်ကိုကြာနေပြီဖြစ်တဲ့ မမရဲ့အပြုံးလေးတွေကိုလည်း ပြန်ပြီးမြင်ရသည်။

လီဆာ မနိုးခင် မမအရင်နိုးနေသည်။ လက်တွင် အပ်မရှိတော့ပေ။ မမဟာ ပြတင်းတံခါးနားမှာ မတ်တပ်ရပ်ပြီး အပြင်ဘက်ကို ငေးနေသည်။

'' ဘယ်လိုနေသေးလဲ မမ ''

သူ့အသံကြားတော့ မမက လှည့်ကြည့်သည်။ ကိုင်ထားတဲ့ စာရွက်လေးကို မှန်မှာ ကပ်သည်။

𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱Where stories live. Discover now