ကိုယ်အပူချိန် မရှိတော့ပေမယ့် လည်ချောင်းကတော့ နာနေဆဲ။ အဒေါ်ကြီးက စွတ်ပြုတ်ပူပူလေး လုပ်ပေးထားသည်။ သို့သော် စွတ်ပြုတ်ကို မြိုမချနိုင်ဘူး။ မနက်စာစားနေတဲ့ မမကို ကြည့်လိုက်တော့ မမလည်း စွတ်ပြုတ်သောက်နေသည်။
'' မမ လီလီလည်ချောင်းနာနေတယ်။ စွတ်ပြုတ်အရည်ကို မြိုမချနိုင်ဘူး ''
မမဟာဖြင့် သူ့အား မျက်လွှာတောင် လှန်မကြည့်ပါ။ လီဆာ အောက်နှုတ်ခမ်းကို ကိုက်ခဲပြီး အရှက်ပြေ ဆက်ပြောလိုက်သည်။
'' မမလည်း စွတ်ပြုတ်သောက်နေတာလား။ နည်းနည်း အရသာပေါ့လား ''
အဒေါ်ကြီးက သူ့ကို သနားသွားတယ် ထင်သည်။ ကြက်ဥလိပ်ပန်းကန် လာချပေးရင်း ပြုံးပြသည်။ ကြည့် .. မမ အဆိုးလေးသာ သူ့ကို သနားရကောင်းမှန်း မသိတာ။ ဘေးလူတွေတောင် သနားကုန်ပြီ။ စွတ်ပြုတ်ကို ဆက်မသောက်နိုင်လို့ မမကိုပဲ ထိုင်ကြည့်နေလိုက်သည်။
မနက်စာ စားပြီး မမက အခန်းထဲဝင်သွားသည်။ အလုပ်သွားဖို့အထိ အားမရှိသောကြောင့် တရက်နားရန် ဆုံးဖြတ်ပြီး အခန်းထဲကို လိုက်ဝင်ခဲ့သည်။
အင်္ကျီလဲတော့မယ့် မမရဲ့နောက်ကျောကို ဆက်မကြည့်ပဲ ကျောခိုင်းလိုက်သည်။ မမအတွက် သူဟာ မိန်းမချင်းတောင် တဏှာရူးတဲ့လူ မဖြစ်ချင်ပါ။ သူ၏ ထိတွေ့ဆက်ဆံမှုကို မမ မနှစ်မြို့မှန်း သိပြီးပြီပဲ။ တကြိမ်တခါ ထိတွေ့ခဲ့တာကိုတောင် မမဟာ သူ့ကို ခွင့်မလွှတ်နိုင်ခဲ့ဘူးလေ။
အတွေးတို့ ချာလည်ရိုက်နေစဥ် မျက်နှာလှလှလေးက သူ့မြင်ကွင်းထဲပေါ်လာသည်။ စာရွက်အဝါလေးနဲ့အတူ ငုံဆေးကဒ်လေး။
'' မမ ''
* ငုံဆေးငုံလို့ မသက်သာရင် ဂျီဝန်းဆီသွား။ ဖုန်းဆက်ထားလိုက်မယ် *
ကြည်နူးမှုဟာ ပြောမပြတတ်။ မော့ကြည့်လိုက်တော့ မမ မရှိတော့။ မမ ရေးသမျှ စာရွက်လေးတွေကို သိမ်းထားသည့် ဘူးလေးထဲကို စာရွက်လေး ထပ်ထည့်လိုက်သည်။
'' ပိုလို အချစ်ဆိုတာကို သိလား ''
'' ကျွန်တော် မချစ်တတ်ပါဘူး ဘော့စ်။ ကျွန်တော့်အတွက် ဘော့စ်က အရာရာပါပဲ ''
YOU ARE READING
𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱
Fanfictionပျော်ရွှင်ရတဲ့ နာကျင်ခြင်းတံတိုင်းလေးကို မမဟာ တဖက်စီကာရံလို့..,..။