အပိုင်း ၁၅

1.4K 243 19
                                    

သန်းချီတန်တဲ့ ကားတွေအတွက် အနုပညာကြေး သန်းချီမြင့်တဲ့ ပတ်ချယ်ယောင်းနဲ့ စာချုပ်ချုပ်လိုက်ရသည်။ ခွဲထုတ်ထားတဲ့ car showroom တွေအတွက် ရင်းလိုက်ရတာ နည်းနည်းနောနောမဟုတ်။ အေးချမ်းလွန်းတဲ့ ဇနီးကတော့ သူမရဲ့ပန်းဆိုင်လေးမှာပဲ ပန်းကလေးတွေနဲ့ ပျော်နေသည်။

'' ဘာသတင်းကြားသေးလဲ ''

'' ထောင်ချလိုက်ပြီ ဘော့စ်။ မတော်တဆမှုဆိုတော့ ငါးနှစ်ပဲကျသွားတယ် ''

'' ကတိအတိုင်း ပိုက်ဆံပေးပြီးပြီလား ''

'' အမိန့်ချတဲ့နေ့က အကုန်ပေးလိုက်ပြီးပါပြီ ''

ဂျန်းထယ်ဆန်းရဲ့ အမှုက ကံကောင်းထောက်မပြီး အဆင်ပြေပြေပြီးသွားခဲ့သည်။ ဒေစီခင်းထဲ ဆေးလိပ်သောက်ရင်း ထိုကိစ္စတွေကို မေးနေခြင်း။ ပိုလိုက သစ္စာရှိတယ်ဆိုပေမယ့် စိတ်ရူးထတယ်။ အမှားအမှန်ကို စဥ်းစားတဲ့ကောင်မျိုး မဟုတ်ဘူး။

'' နောက်ကို မိုက်ရူးရဲဆန်တဲ့ကိစ္စတွေ မဖြစ်စေနဲ့ ပိုလို။ ပထမဆုံးနဲ့နောက်ဆုံး ဖြစ်ပါစေ ''

'' ဟုတ်ကဲ့ ဘော့စ် ''

'' မမနဲ့ရှေ့နေဘတ် ဘာကိစ္စ​​ကြောင့်တွေ့တာလဲ သိပြီလား ''

'' ကလေးမွေးစားတဲ့ကိစ္စကို မေးတာလို့ ပြောပါတယ် ဘော့စ် ''

'' ကလေး  ...  ဘယ်ကကလေးလဲ ''

'' ချွန်းဒုံ မိဘမဲ့ဂေဟာက ကလေးတယောက်ကို မမလေးရဲ့သူငယ်ချင်းက မွေးစားဖို့လုပ်နေပါတယ် ''

'' သြော် ... ဘယ်နှနှစ်ကလေးလဲ ''

'' လသားလေးပါ ဘော့စ်။ နှစ်လအရွယ် ကောင်မလေးပါ ''

လက်ထပ်ထားတာ တနှစ်ကျော်နေပေမယ့် မမကို စိတ်မချနိုင်ဘူး။ ဘယ်အချိန်ထွက်ပြေးမလဲ မသိတာမို့ မမနောက်ကို လူတွေလွှတ်ထားခဲ့သည်။

'' အလုပ်ကို နားနားနေနေလုပ်ပါဦး။ မျက်နှာလေး ချောင်နေတာပဲ။ အရင်လို ပါးဖောင်းဖောင်းလေးတွေတောင် မရှိတော့ဘူး ''

မမဘက်က ပြောင်းလဲလာသည်။ အရင်လို သူထုတ်ပေးတဲ့အဝတ်တွေကို ဖယ်ပစ်တာ၊ ဖိနပ်ကို ကန်ပစ်တာမျိုးမရှိတော့။ သူပြင်ဆင်ပေးတဲ့ သွားတိုက်တံလေးကိုတိုက်ပြီး ထုတ်ပေးထားတဲ့ အဝတ်အစားကို ဝတ်သည်။ မမနဲ့သူ့ရဲ့ဆက်ဆံရေးက တိုးတတ်လာသည်ဟု ပြောရမည်။

𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱Where stories live. Discover now