အပိုင်း ၆

1.2K 190 19
                                    

ရင်ခွင်ထဲမှာ ငိုနေခဲ့တဲ့ မမကို လီဆာပွေ့ဖက်လိုက်သည်။ ဆံနွယ်လေးတွေကို ငုံ့နမ်းမိတော့ ရူးသွပ်စေနိုင်သည့် ဒေစီရနံ့များက ဆီးကြိုလို့။ မမသည်လည်း သူ့ကို လွတ်ထွက်မသွားအောင် ဖက်တွယ်ထားသည်။

လီဆာ့ရင်ဘတ်မှာ မမမျက်ရည်တွေ ရွှဲစိုသွားသည်။ မမကတော့ ရင်ခွင်ထဲက မထွက်သေး။ အစာအိမ်ရောင်ရုံမို့ ဆရာဝန်တွေ ခဏခဏ မလာတာကိုပဲ ကျေးဇူးတင်ရမည်။

'' ဘာလို့ မမဆီကို မလာတာလဲ ''

'' လီလီ မလာလည်း မမ လာလို့ရတယ်လေ။ ဘာဖြစ်လို့ မမကရော မလာခဲ့တာလဲ ''

မမက သူ့မျက်နှာကို ငေးကြည့်ရင်း.....။

'' မမကို မောင်စိတ်ဆိုးနေတယ်လေ။ အဲ့နေ့ကလို မမကို ထပ်ပြီး ဥပက္ခာပြုမှာစိုးလို့။ မောင့်ရဲ့ အဲ့ဒီလိုပုံစံက ဘယ်လောက်တောင် နာကျင်ရတယ်ဆိုတာ မောင်မှမသိတာ ''

မမက သိတယ်။ လီဆာ စိတ်ဆိုးလို့ မမဆီကို မလာတာကို သိတယ်။ သိပေမယ့် သူမက အရင်စပြီး ဆက်သွယ်ဖို့ စိတ်ကူးမရှိဖူးဘူး။ ဒါကိုလည်း ဒီစောက်ရူးက သိသိလျက်နဲ့ မေတ္တာစေကျွန် လုပ်နေတုန်း။

'' လီလီ မှားသွားပါတယ် မမရယ်။ အစာကြမ်းတာတွေ စားမိလို့လား။ အစာအိမ်ရောင်တဲ့အထိ ဘာဖြစ်လို့ ပေကပ်နေရတာလဲ ''

'' အဲ့ဒါ မင်းကြောင့်လေ။ မင်းစိတ်နဲ့ မအိပ်နိုင် မစားနိုင်ဖြစ်ရတာ။ တရားခံက မင်းပဲ ''

အညိုရောင် ဆံနွယ်ပျော့ပျော့လေးကို မမရဲ့နားရွက်ကြားထဲညှပ်ပြီး လီဆာသက်ပြင်းချလိုက်သည်။ မမဟာဖြင့် ဒီသမုဒယနွံထဲမှာ သူ့ကို တသက်လုံး နစ်မြုပ်နေစေချင်တယ်ထင်ရဲ့။ တပတ်ပြီး တပတ် ရစ်ပတ်လွန်းသည်။

'' ဟုတ်ပါပြီ လီလီ့ကြောင့်ပါ။ နောက်ကို အချိန်မှန်စား အချိန်မှန်အိပ်နော် ''

'' ဂျိန်း ''

လီဆာဟာ ဇာတ်လိုက်မဟုတ်ခဲ့ပါ။ လီဆာဟာ ဇာတ်ပို့ မဖြစ်ခဲ့ပါ။ လီဆာဟာ ဇာတ်ရဲ့ မည်သည့်နေရာကမှ မပါဝင်ခဲ့ပါ။

'' အစ်ကို  ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ ''

'' ဂျိန်း ဗိုက်အောင့်နေတယ်လို့ ဆောဂျွန်းကို ပြောတယ်ဆို။ အိမ်ကို သွားသေးတယ်။ ဂျိန်းကို ဆေးရုံတင်ထားတယ်ဆိုလို့ လိုက်လာတာ ''

𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱Hikayelerin yaşadığı yer. Şimdi keşfedin