အပိုင်း ၁၈

1.7K 241 42
                                    

နေ့ဘက်ကို အလုပ်လုပ်ပြီး ညဘက်မှာ မမဟာ သူမရဲ့ဖခင်ကို လူနာစောင့်သည်။ အိမ်မှာ မမမရှိရင် မနေတတ်တဲ့လီဆာက မမနောက်ကို တကောက်ကောက်လိုက်ရတာပေါ့။ လူနာခန်းဟာလည်း လင်မယားခန်းကိုဖြစ်လို့။ အောက်စီဂျင်ပိုက်မရှိတော့တဲ့ ယောက္ခထီးကင်က လီဆာတို့နှစ်ယောက်ကို တော်တော်လေးကို အမြင်ကပ်နေလောက်သည်။

'' ငါ မသေနိုင်တော့ဘူးမလား။ နင်တို့အိမ်နင်တို့ ပြန်ကြတော့။ ဒီမှာငါ့မိန်းမရှိတယ် ဆရာဝန်တွေလည်းရှိတယ်။ ကျေးဇူးပြုပြီး နင်တို့ပြန်ကြပါတော့ ''

ယောက္ခထီးကင်နှင်တော့ လီဆာ့မျက်နှာ မချိုမချဥ်ဖြစ်သွားသည်။ မမက မပြန်ချင်ဘူး။ သို့သော် ယောက္ခထီးဟာ တကယ်ကိုအာရုံနောက်နေပြီဖြစ်၍ အားနာနာနဲ့ လီဆာတို့ ပြန်ခဲ့ကြသည်။

'' ကုန်တိုက်ဝင်ပြီး အလုပ်လေးတွေယူချင်လို့ ''

မမက ခေါင်းငြိမ့်ပြ၍ ကုန်တိုက်ကို ရောက်သွားသည်။ လက်ထပ်ပြီးကတည်းက မမဟာ လီဆာနဲ့တွဲပြီး ပွဲမတတ်ခဲ့သလို အတူသွားလာခြင်းမျိုးမရှိခဲ့။ ထို့ကြောင့် မမပါလာတဲ့အခါ ဝန်ထမ်းလေးတွေကအစ ဖေဖေ့အထိ မျက်နှာပေါ်တွင် စူးစမ်းမှု၊ အံ့သြမှုတွေဟာ ပေါ်လွင်နေကြသည်။

'' လီ ''

ဟီဂျင်းက ဆက်ဆံနေကျအတိုင်း ပြုံး၍နှုတ်ဆက်သည်။ လီဆာ့ရဲ့ဘယ်ဘက်မှာ မမလျှောက်နေသဖြင့် ဟီဂျင်းက လီဆာ့ညာဘက်မှ လိုက်လာသည်။ ဒါက အထူးအဆန်းမဟုတ်ဘူး။ ဟီဂျင်းနဲ့က အလုပ်တွဲလုပ်နေတာဖြစ်ပြီး ကုန်တိုက်ကိုလည်း အမြဲတမ်း အတူတူစစ်ဆေးနေကြ။ ဒါပေမယ့် ဒီနေ့မှာတော့ လီဆာထူးဆန်းနေတယ်။ လီဆာ့လက်မောင်းက အလိုလို ကြက်သီးထနေသည်။

ဘယ်ဘက်က မမကိုစောင်းငဲ့ကြည့်လိုက်မိတော့ မမမျက်နှာသည် သာမန်ထက်ပိုပြီးတင်းမာနေသည်။ လီဆာ့ရုံးခန်းကိုမရောက်ခင် ဟီဂျင်းရုံးခန်းကိုရောက်သည်။ အခန်းထဲကိုဝင်ကာ အိမ်မှာလုပ်လို့ရမယ့်ဖိုင်တွေကို ယူလိုက်သည်။ လီဆာ့အခန်းကနေ နေဝင်ချိန်ကိုမြင်ရသည်။ မမဟာ ဆည်းဆာရောင်သမ်းစပြုနေတဲ့ နေလုံးကြီးကို ငေးနေလေရဲ့။

𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱Where stories live. Discover now