ရက်တွေကုန်ပြီး လအနည်းငယ်ကြာတဲ့အခါ ဆူးရဟာ ပန်းချီပြပွဲလုပ်သည်။ ကိုရီးယားမှာ ပထမဆုံးလုပ်တဲ့ပွဲဖြစ်ပြီး သူမရဲ့ပန်းချီကားတွေက လူကြိုက်များခဲ့သည်။ ခင်မင်မှုကို အကြောင်းပြု၍ ဆူးရရဲ့ပန်းချီပြပွဲကို လီဆာတို့ ဇနီးမယား သွားဖြစ်သည်။
'' ဒီပန်းချီကို ကြိုက်လို့လား မမ။ မောင်ဝယ်ပေးမယ် ယူလေ ''
မမကြည့်နေတဲ့ ပန်းချီကားက အမျိုးသမီးတဦးရဲ့ နောက်ကျောပုံ။ ပန်းချီရဲ့ရသကို မခံစားတတ်သော်လည်း ၎င်းပန်းချီထဲက အမျိုးသမီးကတော့ ဝမ်းနည်းနေတဲ့ ခံစားချက်မျိုးကို ခံစားရသည်။ အထီးကျန်နေတဲ့ပုံသဏ္ဍန်ဆို ပို၍မှန်လိမ့်မည်။
'' နိုဘန် ရောက်လာပြီလား ''
'' ဟုတ်ကဲ့ ဆူးရ။ ပန်းချီကားတွေ လက်ရာမြောက်လွန်းတယ် ''
ဆူးရဟာ ခပ်ပြုံးပြုံးလေးနှင့် ခေါင်းငြိမ့်ပြသည်။ ဆူးရရဲ့အကြည့်တွေက သူ့ဘေးမှ မမဆီကို ရွေ့သွားကာ...။
'' ဇနီးဖြစ်သူလား ''
'' မိတ်ဆက်ပေးမယ် .. သူမက ကျွန်မဇနီး ဂျန်းနီမာနိုဘန်။ မမ ဒါက ချယ်ယောင်းဇနီးလေ ဒီပန်းချီပြခန်းက သူမရဲ့ပန်းချီပြပွဲ။ ပန်းချီဆရာမ ဆူးရ .. နာမည်အရင်းက ကင်ဂျီဆူး ''
မမက ဆူးရကိုတော့ ဟီဂျင်းလိုမဟုတ်ပဲ ဖော်ရွေစွာ နှုတ်ဆက်သည်။ သူမတို့နှစ်ယောက် အချင်းချင်း ပွေ့ဖက်နှုတ်ဆက်ပြီး ဆူးရက ပန်းချီကားအကြောင်း ပြောသည်။
'' ဒီထဲက ပုံရိပ်ကို ရင်းနှီးနေတယ်လို့ ခံစားရတယ်မလား မစ္စမာနိုဘန် ''
'' ဟုတ်ကဲ့ မစ္စပတ်။ ကျွန်မသိတဲ့လူနဲ့ အတော်လေး ဆင်နေတယ် ''
'' သိတဲ့လူမဟုတ်ပဲ ဇနီးဖြစ်သူမလား။ ဟုတ်တယ် ဒါနိုဘန့်နောက်ကျောကို ပန်းချီအဖြစ် အသက်သွင်းထားတာ ''
မမရဲ့အကြည့်က ဆူးရဆီကိုမဟုတ်ပဲ သူ့ဆီကို ရောက်လာသည်။ သူတို့အခြေအနေကို မရိပ်မိတဲ့ဆူးရက..... ။
'' ကျွန်မအိမ်ကို နိုဘန်လိုက်နေတုန်းကပေါ့။ စီးကရက်ကို လက်ကြားညှပ်ပြီး အဝေးကိုငေးနေတဲ့ နိုဘန့်ပုံစံက ကြည့်ကောင်းပေမယ့် အထီးကျန်နေသလိုပဲ။ ကျွန်မရဲ့အာရုံကို ဖမ်းစားသွားတဲ့ ပုံရိပ်လေးလေ။ နိုဘန့်ကိုတောင် ခွင့်မတောင်းမိဘူး။ ပျောက်သွားမှာစိုးလို့ မြန်မြန်ပဲ ပန်းချီအဖြစ် ပြောင်းလိုက်ရတာ ''
YOU ARE READING
𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱
Fanfictionပျော်ရွှင်ရတဲ့ နာကျင်ခြင်းတံတိုင်းလေးကို မမဟာ တဖက်စီကာရံလို့..,..။