Part 4 (U+Z)

456 73 12
                                    

သွေးမတော်သားမစပ်ကလေးတစ်ယောက်အတွက် အိမ်နှင့်ခြံဝယ်ပေးပြီးအိမ်ဆိုင်လေးဖွင့်ရန်ရင်းနှီးမတည်ပေးမယ်ဆိုခြင်းက ရပ်ကွက်အတွင်းနေထိုင်သူများတင်မကကာယကံရှင်တွေပါ နားမလည်နိုင်တဲ့အခြေအနေမျိုးဖြစ်သွားခဲ့ သည်။ ထို့အပြင် ဝမ်းသာအားရလက်ခံလိမ့်မယ်လို့ထင်မှတ်ခဲ့သည့်ညဉ့်ဦးယံလေး၏မိခင်မှာ လွယ်လင့်တကူလက်မခံခဲ့ဘဲအကျိုးအကြောင်းကိုမေးလာ၏။

ခွန်တော်ဝင်မှာလူလုံးထွက်ပြလို့ရသည့်အခြေအနေမဟုတ်လေတော့ ကိစ္စအဝဝကိုဦးငယ်ထံသာလွှဲချလိုက်ရသည်။ ဒီရပ်ကွက်ထဲမှာရှိသည့် ပေ ၆၀ ပတ်လယ်ခြံဝန်းလေးထဲတွင် ပျဉ်ထောင်အိမ်လေးတစ်လုံးပါဝင်သလိုလမ်းလည်းသင့်သောကြောင့် အိမ်ဆိုင်လေးဖွင့်လျှင်သင့်တော်၏။ ထိုအိမ်နှင့်ခြံကို ကလေးငယ်လေး၏မိခင်ဖြစ်သူနာမည်နှင့် ဝယ်ယူခဲ့ပြီး ရပ်ကွက်လူကြီးများကိုအသိသက်သေထားကာလွှဲပြောင်းပေးခဲ့သည်။

ညဉ့်ဦးယံ၏မိခင်ကိုသီးသန့်တွေ့ဆုံပြီး အကျိုးအကြောင်းရှင်းပြခဲ့ရသည်ကတော်ဝင်ကိုယ်တိုင်သာ။ ဆင်းရဲနွမ်းပါး သော ကလေးတစ်ယောက်မိခင်သာမာန်အမျိုးသမီးတစ်ဦးဖြစ်ပေမဲ့ အကဲခတ်မိသလောက်နုံအသော၊ အစွမ်းအစမရှိသောအမျိုးသမီးတစ်ဦးဖြစ်ဟန်မတူ။

ညဉ့်ဦးယံကတော်ဝင့်ကိုမသိသလို မိခင်ဖြစ်သူမှာလည်းတော်ဝင့်ကိုမင်းသားမှန်းသိဟန်မတူပါ။ တော်ဝင့်ပုံစံကလည်း အရင်ရုပ်ကိုမှန်းလို့မရအောင်ဖုံးကွယ်ထားခဲ့သည်ကိုး။ မိတ္ထီလာကိုမရောက်ခင်က တောရွာလေးတစ်ခုမှာနေထိုင်ခဲ့သောသာမာန်လူတန်းစားတွေအနေနှင့် ဒီနှစ်ထဲမှာနာမည်ရကျော်ကြားလာခဲ့သောတက်သစ်စမင်းသားတော်ဝင့်ကိုသိပုံမရတာမဆန်းပါ။ မသိလေပိုကောင်းလေမဟုတ်လား။

"သားကိုအလုပ်တွေလုပ်ခိုင်းတယ်ဆိုတာက အစ်မမရှိတော့တဲ့အခါမှာသူစွမ်းသူ့အားလေးနဲ့ ရပ်တည်နေနိုင်အောင်လို့ပါ။ မအေတစ်ယောက်အနေနဲ့စိတ်ထဲတော့ဘယ်ကောင်းပါ့မလဲ။ သူ့ကိုအလုပ်တွေလုပ်ခိုင်းနေရပေမဲ့ စိတ်ထဲမချမ်းသာရပါဘူးငါ့မောင်ရယ်။ ပြေးကြည့်လို့မှဒီသားအမိပဲရှိတာမဟုတ်လား။ အစ်မမှာစုဆောင်းထားတာလေးတွေရှိပါတယ်။ သားအတွက်ထားခဲ့နိုင်အောင်လို့သိမ်းထားတာပါ။ အခုလိုသားကိုသံယောဇဉ်ထားပြီး သားရှေ့ရေးအ တွက်စီစဉ်ပေးတာကိုသိတော့သိပ်အံ့ဩမိပါတယ်။ ငါ့မောင်ရဲ့စေတနာကိုလည်းအသိအမှတ်ပြုပါတယ်။ ဒါ့ကြောင့် အစ်မကလက်ခံလိုက်တာပါနော်"

Love's Resurgence (အချစ်တစ်ဖန်မွေးဖွားခြင်း)Where stories live. Discover now