Part 13 (U+Z)

431 48 2
                                    

အစည်းအဝေးဆိုတော့ကြာမယ်ထင်တယ်၊ ကိုစိုင်းပြီးရင်ပြန်ရန်သာရှိတော့တာပဲ။ ဒီနေ့တော့ကိုကို့ကိုထပ်တွေ့ခွင့်ရ တော့မယ်မထင်တော့ပါ။ အင်းလေ...နောက်တစ်ပတ်မှာတွေ့ရတော့မှာပဲ။ ၁၀ နှစ်တောင်စောင့်လာခဲ့ပြီးမှ ရက်ပိုင်းလောက်ကိုသည်းခံနိုင်ရမှာပေါ့။

၁၅ မိနစ်ခန့်အကြာတွင်ကိုစိုင်းတို့အဖွဲ့ပြန်ထွက်လာ၏။ ကိုစိုင်းပုံစံကိုကြည့်လိုက်တာနှင့်အိုကေတယ်ဆိုတာကိုချက်ချင်းသိလိုက်သည်။ ဦးမင်းသစ်သမီးလည်းအရွေးခံရပုံပေါ်၏။

"အခြေအနေ..."

"စိတ်မကောင်းစွာနဲ့ ၃ ယောက်အရွေးခံရပြီး ၃ ယောက်ပြုတ်သွားတယ်ပေါ့ကွာ"

"ဘယ်တတ်နိုင်မလဲ၊ သူတို့သတ်မှတ်ချက်ကလည်းရှိနေတာကိုး"

"ဒါပေမဲ့မပါသင့်သူကပါလာပြီး မပြုတ်သင့်သူကပြုတ်သွားတာတော့စိတ်မကောင်းဘူးကွာ"

"ဟိုမော်လမြိုင်ကနောက်တစ်ဆင့်ပါလာတယ်လား"

"ငါကွာ၊ ဇေယျာကြီးအတွက်စိတ်မကောင်းလိုက်တာ၊ သူလည်းရိပ်မိပုံပဲ။ မျက်နှာတောင်သိပ်မကောင်းဘူး၊ အေး လေ...ဒီလိုပွဲမျိုးမှာဒီလိုကိစ္စတွေက အနည်းအကျဉ်းတော့ပါလာတတ်ကြတာပဲ။ ဘာပြောနိုင်မှာတဲ့လဲ၊ နည်းနည်း တော့စိတ်ပျက်မိတယ်ကွာ"

"ထားလိုက်ပါအစ်ကိုရာ။ သူ့အရပ်နဲ့သူ့ဇာတ်ဆိုတော့လည်း..."

"စိတ်လေတယ်ကွာ၊ ခဏနေရင်မနက်ပိုင်းအဖွဲ့တွေထဲက နောက်တစ်ဆင့်တက်မဲ့လူတွေကိုတွေ့မယ်တဲ့။ နာရီဝက် အချိန်ရသေးတယ်။ ကန်တင်းသွားပြီးတစ်ခုခုသောက်ကြရအောင်ကွာ၊ ခေါင်းတောင်နည်းနည်းကိုက်ချင်သွားတယ်"

"သွားလေ"

အအေးသွားသောက်ရန်ထလိုက်သည်နှင့် Group 3 က ၄ ဦးနှင့် Group 8 က ၃ ဦးပေါင်းမိသွားကြ၏။ စားပွဲတစ်ခုမှာဝိုင်းဖွဲ့ထိုင်လိုက်ကြရင်း အပြန်အလှန်မိတ်ဆက်ဖြစ်ကြသည်။ ကိုစိုင်းပြောတဲ့မော်လမြိုင်သူကတော်တော်လေးလှပြီး အသက်ကညဉ့်ဦးယံထက် ၂ နှစ်ကြီး၏။ အဖွဲ့ ၃ မှာက မိန်းကလေး ၁ ဦးနှင့်ယောက်ျားလေး ၃ ဦး၊ အဖွဲ့ ၈ မှာက မသော်တာ၊ မီမီနှင့်ကိုစိုင်း။

Love's Resurgence (အချစ်တစ်ဖန်မွေးဖွားခြင်း)Where stories live. Discover now