Part 10 (U+Z)

585 59 11
                                    

Oct 2017၊ ရန်ကုန်မြို့

မြို့ကြီး ၆ မြို့ကနေစကာတင်ရွေးချယ်ခဲ့တဲ့အဆိုဝါသနာရှင်တွေက အရည်အချင်းပြည့်ဝသူများမို့ပြိုင်ဘက်များကို ညဉ့်ဦးယံအထင်မသေးရဲပါ။ သူကပညာရှင်မဟုတ်တဲ့ဝါသနာရှင်အဆင့်လေးမို့ ပိုလို့တောင်အထင်မသေးဝံ့ပါ။ ပထမဆုံးလူတွေ့စစ်ဆေးခံရမဲ့နေ့မှာ ပြိုင်ပွဲဝင်အဖွဲ့ကနေထုတ်ပေးလိုက်တဲ့နံပတ်ကဒ်လေးကိုကိုင်ကာ ချွေးပြန်နေမိ၏။

ပထမဆုံးရွေးချယ်ခြင်းအတွက် ပြိုင်ပွဲဝင်လူအယောက် ၃၀၀ ကျော်တွင် ၁၀၀ ဦးသာရွေးချယ်မှာဖြစ်သောကြောင့် ၃ ဦးတွင်တစ်ဦးသာကျန်နေမှာမျိုး။ စိတ်ကြိုက်သီချင်းနှင့်ပြိုင်ရမှာဖြစ်သောကြောင့် သိပ်တော့စိတ်ပူစရာမလိုသေး။

ဒုတိယအကြိမ်ရွေးချယ်မှုမှာအဖွဲ့လိုက်သီဆိုရမှာဖြစ်ပြီး အများသဘောနှင့်ရွေးချယ်ရမဲ့သီချင်းမျိုးဖြစ်ခြင်းကြောင့် သူ့စိတ်ထဲနည်းနည်းတော့ပူပန်မိသည်။ အဖွဲ့လိုက်သီဆိုပြီးချိန်မှာ အဖွဲ့ထဲကအကောင်းဆုံးပြိုင်ပွဲဝင်ကိုပြန်ရွေးချယ် ပြီးမှ နှစ်ယောက်တစ်တွဲထပ်မံယှဉ်ပြိုင်ရဦးမယ်။

လက်ထဲကပြိုင်ပွဲဝင်ကဒ်ပြားလေးကိုကြည့်လိုက်တော့ ၀၁၃၂ တဲ့။ ပထမအဆင့်မှာလူအရမ်းများနေခြင်းကြောင့် ၂ ရက်ခွဲလိုက်ရချိန် ညဉ့်ဦးယံကပထမနေ့တွင်ပါလာ၏။ မနက် ၉ နာရီထဲကစတင်ခဲ့တဲ့ပြိုင်ပွဲဟာ အခု ၂ နာရီခွဲခါနီးနေပြီ။

ဘေးနားမှာထိုင်နေတဲ့အစ်ကိုတစ်ယောက်ကိုမေးလိုက်တော့ ၁၂၀ ကျော်နေပြီတဲ့။ ဒါဆိုညဉ့်ဦးယံအလှည့်နီးလာပြီပဲ။ စာမေးပွဲတွေမှာအနားကပ်မှစာမကျက်တတ်တဲ့သူ့အတွက် ဘေးမှာချထားတဲ့ဂစ်တာလေးကိုအိတ်ထဲကနေတောင် မထုတ်ရသေး။

"ညီလေးကဘယ်မြို့ကနေလာပြိုင်တာလဲ"

"မိတ္ထီလာကပါ၊ အစ်ကိုကရောဟင်"

ညဉ့်ဦးယံထက်ကြီးပုံရတဲ့ပုံကြောင့် အစ်ကိုလို့သာခေါ်လိုက်၏။

"တောင်ကြီးကပါ၊ တွေ့ရတာဝမ်းသာပါတယ်ညီလေး၊ အစ်ကိုကစိုင်းဝေယံပါ"

ရှမ်းသွေးစပ်ဟန်တူသောအစ်ကိုကြီးက အသားအရည်ဖြူဖွေးနေပြီးပါးပြင်နှစ်ဖက်မှာနီမြန်းမြန်းနှင့် ရုပ်ရည်သန့်သန့်။ ဖော်ရွေသောမျက်နှာထားကြောင့် ကမ်းပေးလာသောလက်ကိုဆုတ်ကိုင်လိုက်ပြီး...။

Love's Resurgence (အချစ်တစ်ဖန်မွေးဖွားခြင်း)Where stories live. Discover now