Part 11 (U+Z)

402 62 10
                                    

တိုက်ခန်းပြန်ရောက်ချိန် မမဆီဖုန်းဆက်ပြီးအခြေအနေကိုပြောပြလိုက်တော့ ညဉ့်ဦးယံထက်တောင်ပျော်ရွှင်သွားဟန်နှင့်တခစ်ခစ်ဖြစ်နေ၏။ ဒီနေ့ကလေးတွေကို ခေါက်ဆွဲကြော်ဝယ်ကျွေးမယ်လို့လည်းဆိုသည်။

စတူဒီယိုကိုမသွားရတဲ့ကြားရက်တွေမှာ ကိုစိုင်းနှင့်တတွဲတွဲဖြစ်နေ၏။ မနက်မိုးလင်းတာနဲ့ရောက်ချလာပြီး တစ်နေ့ တစ်ဆိုင်လိုက်ကျွေးတတ်သလို သူ့ဆိုင်ကိုခေါ်သွားပြီးနှစ်ဦးသားသီချင်းတွေဆိုနေမိကြသည်က ညနေတိုင်းလိုလို။ ခင်မင်ဖွယ်ကောင်းသလိုအလိုလိုက်တတ်လွန်းသောကိုစိုင်းနှင့် အချိန်တိုတိုအတွင်းမှာရင်းနှီးသွားခဲ့ခြင်းကအံ့ဩစ ရာတောင်ကောင်းလှ၏။

သီချင်းအတူတူဆိုမိမှ သူတို့နှစ်ဦးကလိုင်းမတူတာကိုသိလိုက်၏။ ညဉ့်ဦးယံအသံက အေးအေးငြိမ်ငြိမ်ဘက်သွားတဲ့ Slow သမား။ ကိုစိုင်းကအသံလှိုင်းကြီးတဲ့အမြင့်သံမျိုး၊ Heavy ဖြစ်တဲ့ Rock ဂီတနှင့်ပိုလိုက်ဖက်သူ။ သို့ပေမဲ့ ဂီတ ကိုသေချာလေ့လာလိုက်စားထားသောကိုစိုင်းက ဘယ်လိုသီချင်းမျိုးလာလာသီဆိုနိုင်သောအရည်အချင်းရှိ၏။

ညဉ့် ဦးယံရဲ့အားနည်းချက် အမြင့်သံတွေကိုသိပ်မပိုင်တာမျိုးတွေကိုလည်းသေချာသင်ပြပေးသည်။ ကိုစိုင်းနှင့်ခင်မင်သိ ကျွမ်းလိုက်ရတာ သူ့အတွက်တော်တော်အကျိုးရှိခဲ့သည်ပင်။

"စိတ်ကြိုက်သီချင်းတွေဆိုရရင် မင်းအတွက်အခက်အခဲမရှိပေမဲ့ Group Song လို၊ နောက်ပြီး Top Ten ရောက်သွားတဲ့အခါမျိုးကျတော့ နည်းနည်းခက်လိမ့်မယ်။ ဒါ့ကြောင့်အခုထဲကလေ့ကျင့်ထား။ အစ်ကို့စိတ်ထင် Rock Week ပါလာလိမ့်မယ်"

"Top Ten အထိရောက်ပါစေဦးဗျာ၊ Group မှာတင်ပြုတ်ချင်ပြုတ်နေမှာပေါ့"

"မပြုတ်လောက်ပါဘူး။ မင်းကငယ်လည်းငယ်တယ် ချောလည်းချောတယ်။ အသံလည်းကောင်းသလို မင်းမှာကဆွဲ ဆောင်မှုတစ်ခုရှိနေတယ်။ ဒါကိုပြိုင်ပွဲစီစဉ်သူတွေကသတိထားမိမှာပါ၊ ဒီတော့မင်းက Top Ten အထိပါကိုပါမှာ"

"မဟုတ်တာတွေဗျာ"

"ဪ...သိလို့ပြောနေတာပေါ့။ မင်းတင်မကဘူး ငါလည်းပါနိုင်တယ်"

Love's Resurgence (အချစ်တစ်ဖန်မွေးဖွားခြင်း)حيث تعيش القصص. اكتشف الآن