Part 6 (U+Z)

337 52 3
                                    

2015 ခုနှစ်

ညဉ့်ဦးယံ

ကျွန်တော်ဆယ်တန်းကို ဘာသာစုံဂုဏ်ထူးနဲ့အောင်တယ်ကိုကို။ ကိုကိုသိရင်ဝမ်းသာမှာလား။ သိပ်တော်တဲ့ကလေး လေးလို့ချီးကျူးမယ်မဟုတ်လားဟင်။

ကိုကို့ကိုကတိပေးထားတဲ့အတိုင်း အတန်းတိုင်းမှာအဆင့် ၁ ရခဲ့တယ်။ ကိုကို့စကားနားထောင်ရင်တစ်နေ့ကိုကိုပြန် လာတဲ့အခါမှာ ကျေနပ်နေမဲ့အပြုံးမျက်နှာလေးကိုမြင်ချင်ခဲ့တာလေ။ ဒါပေမဲ့ ၇ နှစ်ဆိုတဲ့အချိန်တွေသာကြာသွားခဲ့တယ်။ ကိုကိုကတော့ပြန်ရောက်မလာခဲ့ဘူးနော်။

ညဉ့်ဦးယံဆိုတဲ့ကလေးတစ်ယောက်ကို ကိုကိုမေ့များသွားပြီလား။ ကျွန်တော်ကတော့တစ်နေ့မှမမေ့နိုင်ခဲ့ပါဘူးကိုကို ရာ...။ အချိန်ကြာလာလေလေပိုပြီးတောင်တမ်းတမိလေပဲ။ ခေါင်းအုံးဘေးမှာထားအိပ်တတ်တဲ့ကိုကို့ရှပ်အင်္ကျီလေး က အရောင်လေးမှိန်ဖျော့သွားပေမဲ့ ကိုကို့အနံ့လေးကိုစိတ်ထဲမှာစွဲထင်နေတုန်းပဲ။ ကိုကိုပေးခဲ့တဲ့ရေမွှေးပုလင်းလေးက ခြွေတာပြီးသုံးတာတောင်ကုန်သွားပြီကိုကို။ ပုလင်းခွံလေးကိုကျွန်တော်အခုထိသိမ်းထားတုန်းပဲ။

စတိုးဆိုင်တွေမှာလိုက်မေးကြည့်တော့ ရေမွှေးပုလင်းလေးကသိပ်ဈေးကြီးတယ်တဲ့။ မိတ္ထီလာမှာတောင်မရှိဘူးတဲ့ကိုကိုရာ...။ ဘယ်လောက်ဈေးကြီးကြီးကျွန်တော်ဝယ်မှာပါ။ ရန်ကုန်မှာတော့ရှိတယ်လို့ပြောတာပဲ။

ကျွန်တော့်တစ်ခန်းလုံးမှာအပြည့်ကပ်ထားတဲ့ ကိုကို့ရဲ့ပုံတွေကိုကြည့်မိရင်ပိုလို့တောင်လွမ်းမိတယ်။ ကိုကိုကကျွန် တော့်ကိုညာခဲ့တာပဲနော်။ မဟုတ်ပါဘူး ကိုကိုကညာခဲ့တာမှမဟုတ်ဘဲ၊ ကိုကိုကဘယ်သူဆိုတာကိုသာမပြောပြခဲ့တာမျိုးပါနော်။ ကျွန်တော်လေ ၅ တန်းနှစ်ရောက်မှ ကိုကိုကဘယ်သူလဲဆိုတာကိုသိခဲ့ရတယ်။

ဒါကလည်း TV ကနေပြတဲ့ဇာတ်ကားထဲမှာ ကိုကိုနဲ့တူတဲ့မင်းသားတစ်ယောက်ကိုတွေ့လိုက်ရလို့ပါ။ တွေ့စကကိုကိုနဲ့သိပ်တူတာပဲလို့ထင်လိုက်မိတာပေါ့။ နောက်မှတော်ဝင်ဆိုတဲ့မင်းသားကကိုကိုဖြစ်နေတယ်ဆိုတာကို အချိန်အများကြီးကြာမှသိလိုက်ရတာမျိုးပါ။

Love's Resurgence (အချစ်တစ်ဖန်မွေးဖွားခြင်း)Where stories live. Discover now