Part 8 (U+Z)

404 62 0
                                    

အိပ်ခန်းလေးထဲကိုဝင်လာပြီးရေချိုးပြီးမှ ခေါင်းအုံးဘေးမှာခေါက်လျှက်သားလေးရှိနေသည့် အစိမ်းဖျော့ဖျော့ရှပ်အင်္ကျီလေးကိုဖွဖွငုံ့နမ်းလိုက်ချိန် စွဲမက်ဖွယ်ကောင်းလေးအနံ့သင်းသင်းလေးကိုရလိုက်၏။ တီရှပ်နဲ့ဂျင်းဘောင်းဘီတစ်ထည်ကိုကောက်စွပ်လိုက်ပြီး စားပွဲပေါ်ကရေမွှေးပုလင်းလေးကိုတစ်ချက်ဆွတ်လိုက်သည်။

ကိုကိုသုံးတဲ့ရေမွှေးပုလင်းလေးကိုကျွန်တော်ဝယ်နိုင်ခဲ့ပြီ။ Dior တံဆိပ်နက်ပြာရင့်ရောင်ရေမွှေးပုလင်းလေးဆီ ကနေထွက်ပေါ်လာတဲ့မွှေးရနံ့လေးက ကိုကိုအနားမှာရှိနေသလိုခံစားရစေတယ်လေ။ အခန်းတံခါးကိုသော့ခတ်လိုက်ပြီးရုံးခန်းထဲပြန်ဝင်လာချိန်တွင် ကွန်ပြူတာရှေ့တွင်ထိုင်ကာဖုန်းကိုစူးစူးစိုက်စိုက်ကြည့်နေတဲ့မမ။

ညဉ့်ဦးယံအံ့ဩသွားမိတာက မမကဖုန်းကိုအချိန်နဲ့ကိုင်တဲ့လူမျိုး။ အလုပ်ချိန်မှာ Social media သုံးခြင်းမရှိသလို ဝန်ထမ်းတွေကိုလည်းထိုကိစ္စနဲ့ပက်သက်ပြီးအင်မတန်တင်းကျပ်ထားလေသူ။

Facebook သုံးနေတာမြင်သည်နှင့် ဘယ်လိုဆင်ခြေမျိုးကိုမှလက်မခံဘဲဒဏ်ငွေရိုက်တတ်လေသူ။ လုပ်ငန်းခွင်မှာဖုန်းတွေကို ငွေရှင်းကောင်တာထဲတွင်ခြင်းနဲ့စုထည့်ခိုင်းထားပြီး အရေးကြီးတဲ့ဖုန်းမှမဟုတ်ရင်ကိုင်ခွင့်မရှိကြပါ။

ထိုသို့သောလူကစိတ်လှုပ်ရှားနေသောဟန်ဖြင့် သတင်းတစ်ခုကိုသည်းကြီးမည်းကြီးဖတ်နေပုံကြောင့် ခပ်လှမ်းလှမ်း မှာဝင်ထိုင်လိုက်ပြီးစနောက်လိုက်မိသည်။

"အဆက်ဟောင်းကြီးရဲ့မင်္ဂလာသတင်းတွေ့လိုက်လို့လားမမ ဟင်"

ထိုအခါမှညဉ့်ဦးယံရောက်နေသည်ကိုသတိပြုလိုက်မိဟန်နှင့်...။

"အာ...ဆောရီးပါမောင်လေးရယ်၊ မမသူငယ်ချင်းကသတင်းတစ်ခုလှမ်းပြောလို့ မနေနိုင်လွန်းလို့ခဏကြည့်လိုက်မိတာပါ။ ခွင့်လွှတ်ပါ"

"မမရာ...ဒီလူနဲ့ဒီလူတောင်းပန်စရာလား။ မမအကြောင်းကိုမသိတာကျနေတာပဲ။ အရေးကြီးကိစ္စမဟုတ်ဘဲ ဖုန်းသုံးမှာမဟုတ်ဘူးဆိုတာသိပါတယ်ဗျာ။ အေးဆေးကြည့်ပါ၊ ကျွန်တော်ကစလိုက်တာပါနော်"

Love's Resurgence (အချစ်တစ်ဖန်မွေးဖွားခြင်း)Where stories live. Discover now