Part 28 (Uni)

6.2K 286 15
                                    

အပိုင်း - ၂၈

-ဟယ်ဒန်းကမ္ဘာ-

မင်းသက် ခပ်မဲ့မဲ့လေး ပြုံးလိုက်မိသည်။ ထို့နောက် အနောက်ဖက်နယ်မြေတံခါး၏ သော့လေးကို လှည့်ကာတံခါးချပ်လေးကို တွန်းလိုက်သည်။ ဟယ်ဒန်း နယ်မြေ တစ်ခုလုံးမှာ ဒီနေရာက အကြမ်းတမ်းဆုံး။ ခြုံနွယ်ပိတ်ပေါင်းတွေထူပြောလှပြီး ဘယ်သူမှ လာရောက်လေ့မရှိ။ ဒီဖုန်းဆိုးနယ်မြေထဲမှာ ကြမ်းတမ်းလှသည့် သတ္တဝါတွေ ရှိသည်တဲ့။ ထို့ကြောင့် ဒီနယ်မြေကို ဘယ်သူမှ ခြေမချကြ။

ဒီလိုနေရာက မင်းသက်အတွက်တော့ မထူးဆန်း။ ဒီနယ်မြေထက် ကြောက်စရာကောင်းသည့်အရာကို မင်းသက် ရင်ဆိုင်ခဲ့ပြီးသား။ ထို့ကြောင့် မင်းသက်အတွက် ဒီနယ်မြေက သာမာန်လိုပင်။

မင်းသက် တောလမ်းလေးအတိုင်း ဖြည်းဖြည်းချင်း လမ်းလျှောက်ပြီး ဝင်လာခဲ့သည်။ မင်းသက်ဖွင့်ခဲ့သည့် တံခါးကတော့ ပြန်ပိတ်သွားပြီ။

အတော်လေးလျှောက်ပြီးနောက် အိုဟောင်းနေသည့် ရဲတိုက်ကြီးကို မင်းသက်တွေ့လိုက်ရသည်။ မင်းသက် ထိုရဲတိုက်ဆီ ဆက်လျှောက်လာခဲ့သည်။ လက်သီးကို ကျစ်နေအောင်ဆုပ်ပြီး ထိုရဲတိုက်တံခါးကို (၃) ချက် ခေါက်လိုက်သည်။ ပြီးမှ တံခါးကို တွန်းဖွင့်ပြီး ဝင်ခဲ့လိုက်တော့သည်။

ရဲတိုက်ကြီးက အပြင်မှာသာ ကြောက်စရာကောင်းလောက်အောင် အိုဟောင်းနေတာဖြစ်သည်။ အထဲမှာတော့ အဆောင်အယောင်တွေ အားလုံးက အသစ်ပင်။ ခမ်းနားလှသည့် အသုံးအဆောင်တွေကလည်း အရှိန်ဝါတစ်ခုကို ဖော်ပြလို့နေသည်။

မင်းသက် ဧည့်ခန်းဆီလျှောက်ခဲ့လိုက်သည်။

ဧည့်ခန်းမှာတော့ မီးလင်းဖိုကို မျက်နှာမူပြီး မင်းသက်ကို ကျောခိုင်းကာ မတ်တပ်ရပ်နေသည့် လူတစ်ယောက်။

"အကိုတော်ကို ဂါရဝပြုပါတယ်"

မင်းသက် ဒူးထောက်ချပြီး ဦးညွတ်အရိုအသေပေးလိုက်သည်။ ထိုအခါမှ ထိုလူက မင်းသက်ဖက်သို့ မျက်နှာမူလာခဲ့လေသည်။

"ရောက်လာပြီလား"

"ဟုတ်ကဲ့ အကိုတော်"

"ထပါ"

H.A.E.D.E.N (Completed)Where stories live. Discover now