Part 29 (Z)

1.2K 32 0
                                    

အပိုင်း - ၂၉

ရောင် တံခါး Password လေးကို နှိပ်လိုက်သည်။ Password က '0000000' တဲ့လေ။ ရောင် ပြုံးလိုက်မိပါ၏။

Password လေး နှိပ်အပြီး အခန်းလေးက ပွင့်သွားသည်။ ရောင် ရောက်လာသည်က အခြားနေရာတော့မဟုတ်။ ညခင်း ခေါ်လာဖူးသည့် နှင်းတွေအပြည့်နဲ့ အခန်းလေး။ ရောင် ဒီနေ့ Palace Studio ဆီ ရောက်လာပြီး ညခင်းကို လာစောင့်နေတာပင်။ ထို့နောက် ပျင်းလာသည့်အတွက် ဒီအခန်းကို တစ်ခေါက်သွားချင်ကြောင်း ခွင့်တောင်းလိုက်သည်။ ညခင်းက ချက်ချင်းပင် အခန်းကို ဖွင့်ရမည့် Password လေးကို ရေးပေးရှာသည်။

ညခင်းက ဒီအခန်းကို ဟယ်ဒန်းအလွမ်းပြေအဖြစ် တည်ဆောက်ထားဟန်ရှိသည်။ ဟယ်ဒန်းမျိုးနွယ်တွေက နှင်းနဲ့ ထိတွေ့မှ ဆံပင်နဲ့ မျက်လုံးတွေကို အရောင်ပြောင်းနိုင်သည်လေ။ ထို့ကြောင့် ဒီလိုနေရာကို ဖန်တီးထားပုံရသည်။

ရောင် အခန်းထဲ ဝင်လိုက်သည်နှင့် အခန်းထဲရှိ နှင်းမှုန်လေးတွေက ရောင်ဆီကို လာရောက် ခစားသည်။ အေးမြမြအထိတွေ့လေးကြောင့် ရောင် နှုတ်ခမ်းလေးတွေ ကွေးတက်သွားရပြီ။ ရောင် ဒူးထောက်ထိုင်ချပြီး နှင်းမှုန်လေးတွေကို ထိတွေ့ကြည့်မိသည်။ ဖြူလွလွ အေးမြမြနှင်းလေးတွေက အိစက်စက်။

ရောင် မျက်လုံးမှိတ်ပြီး ကောင်းကင်ပေါ်လင်းနေသည့် ကြယ် (၇) လုံးကို မြင်ယောင်ကြည့်လိုက်ပါ၏။ ထို့နောက် ရောင် မျက်လုံးလေးတွေ ပြန်ဖွင့်လိုက်သည်။ ထိုအခါ မှန်မှာ ပေါ်နေသည်က ခရမ်းရောင်ဆံနွယ် ခရမ်းရောင် မျက်လုံးလေးတွေနဲ့ ရောင်။ ရောင် ထိုင်နေရာမှထပြီး ထိုပုံရိပ်နားဆီ တိုးကပ်သွားလိုက်မိသည်။

-ချောက်-

ထိုအချိန်မှာ တံခါးပွင့်သံကြောင့် ရောင့် အကြည့်တွေက တံခါးဆီရောက်သွားသည်။ ဝင်လာသူက ညခင်း။

"ကိုကို.. ဟင်.. ဆံပင်တွေ ပြောင်းထားတာလား.. ကိုကိုက ချစ်စရာလေးဗျာ"

ကြည့်ရတာတော့ လင်းညခင်းက ရောင်ကို ဘယ်လိုနေနေ ချစ်စရာကောင်းသည်ဟု မြင်ပုံရသည်။

"အွန်း.. ဘယ်လိုလုပ်ပြီး ရောက်လာပြန်တာလဲ.. အလုပ်တွေက ပြီးပြီလား"

H.A.E.D.E.N (Completed)Where stories live. Discover now