Part 31 (Uni)

5.3K 270 14
                                    

အပိုင်း - ၃၁

အာရုဏ်၏ လက်ထဲမှာ ငွေဒင်္ဂါးလေး (၃) ပြား။ ထို ငွေဒင်္ဂါးအမျိုးအစားက အိမ်ရှေ့စံသာ ကိုင်ဆောင်ခွင့်ရှိသည်။ ထို့ကြောင့် အာရုဏ် စိတ်တွေထွေပြားနေရပြီ။ ရောင်ကတော့ သိပုံမပေါ်။ ထို့ကြောင့် ရောင် ဒါတွေကို ဘယ်ကရလဲဆိုတော့ အာရုဏ်မေးရတော့မည်။

"ရောင်.. ဒါ.. ဒါတွေကို ဘယ်ကနေရတာလဲ"

အာရုဏ်မေးလိုက်သည့်အခါ ရောင်က ပြုံးရင်းပြန်ဖြေသည်။

"အိမ်ရှေ့စံဆီကပါ"

"ဘာ !!"

"ဘာ.. ဘာဖြစ်လို့လဲ အကိုတော်"

ရောင်ကို ညခင်းက သိနေသည်တဲ့လား။ မဖြစ်နိုင်လိုက်တာ။ ဒီလောက်မာနကြီးပြီး လူကို လူမထင်သည့် လင်းညခင်းလိုကောင်က ရောင်ကို ဒီဒင်္ဂါးပြားတွေ ပေးရလောက်သည်အထိက ဖြစ်နိုင်ပါ့မလား။ အာရုဏ် ခေါင်းခါလိုက်မိသည်။

"ညခင်းနဲ့ ရောင်က သိကြတာလား"

"ဟုတ်ကဲ့ .. သိကြပါတယ် အကိုတော်"

"ဟင်.. ရောင်က .. ညခင်းနဲ့ ဘယ်လိုသိကြတာလဲ"

အာရုဏ် မေးလိုက်သည့်အခါ ရောင်က ခပ်ဖွဖွလေးပြုံးသည်။ ထို့နောက် အာရုဏ်ယူလာသည့် ပစ္စည်းတွေကို နေရာချရင်း ပြန်ဖြေသည်။

"အိမ်ရှေ့စံက မြို့ပြင်ကို မကြာမကြာလာပါတယ်.. ရောင်နဲ့လည်း ရင်းနီးကြပါတယ်.. ကြည့်ရတာတော့ အိမ်ရှေ့စံက ရောင်ကို ကစားဖော်လို မှတ်ထားပုံပါပဲ အကိုတော်"

"ရောင်.. ညခင်းက.."

"ရောင် သိပါတယ်.. ညခင်းက အိမ်ရှေ့စံပါ.. ဒါ့ကြောင့် ရောင် ခပ်ခွာခွာနေပါတယ်"

ရောင်၏ အဖြေကြောင့် အာရုဏ် သက်ပြင်းချလိုက်မိသည်။

"ဟူး.. ကောင်းပါတယ် ရောင်.. ညခင်းနဲ့ နီးနီးကပ်ကပ်မနေပါနဲ့"

"ဟုတ်ကဲ့ပါ.. အကိုတော်"

"ဒီနေ့ ကိုယ်ယူလာတာတွေကို သဘောကျရဲ့လား ရောင်"

ဒီနေ့ အာရုဏ်ယူလာတာတွေက ပန်းချီဆွဲသည့်ပိတ်ချပ်တွေနဲ့ ဆေးတွေဖြစ်သည်။ ရောင်က ပန်းချီဆွဲလေ့ရှိပြီး လက်ရာက အတော်လေးကောင်းသည်။ ဝါသနာပါလားဟု အာရုဏ်မေးသည့်အခါ ပျင်းလို့ ဆွဲတာဟုသာ ရောင်က ဖြေဖူးသည်။ အာရုံ ရောင်ဆီကို လာတိုင်း ပန်းချီပစ္စည်းတွေယူလာလေ့ရှိသည်။ ဒီတစ်ခေါက်မှာတော့ ပန်းချီ Canvas တွေကို အတော်အသင့်ကြီးသည့် ဆိုဒ်တွေ သယ်လာခဲ့တာပင်။

H.A.E.D.E.N (Completed)Where stories live. Discover now