Part 54 (Uni)

3.6K 214 6
                                    

အပိုင်း - ၅၄

မင်းသက်ပြောပြတာကို နားထောင်ပြီး လင်းအာရုဏ် ခေါင်တခါခါ။ ဒါဆို ရောင်က အသက်ရှိသေးတာကို ဘာလို့များ ဖခင်က သဂြိုလ်ခိုင်းခဲ့ရတာလဲ။ ဖခင်က ဒီလောက်ထိရက်စက်လေသလား။ ဒါကို အာရုဏ် မယုံကြည်နိုင်သေး။ သို့သော် အဖြစ်အပျက်တွေကတော့ ဖခင်ဆီကိုသာ ညွှန်ပြဦးတည်နေကြသည်။

"ဒါဆို ပြန်လည်ရှင်သန်ခြင်းအစွမ်းကို ဦးမြရောင်သုံးခဲ့တဲ့ထဲမှာ ရောင်အတွက်မပါဘူးလို့ ဆိုလိုတာပေါ့"

"ဟုတ်တယ် အကိုတော်"

"အဲ့တာ...သေချာရဲ့လား မင်းသက်"

"သေချာပါတယ်.. အရှင်မရဲ့ မှတ်တမ်းမှာ အဲ့နှစ်က ကလေး သေဆုံးထားတာမျိုးမရှိဘူး"

"မှတ်တမ်းက မှားနေတာဆိုရင်ရော မင်းသက်..ပြီးတော့ နောက်နှစ်တွေကရော"

"အကိုတော်.. ဟယ်ဒန်းက မှတ်တမ်းတွေထဲ ဘယ်တစ်ခုက မှားဖူးလို့လဲ.. အဲ့မှတ်တမ်းတွေက နှစ်အလိုက်ထားတာဖြစ်လို့ ကျွန်တော် ဆက်စပ်ဖို့တော့ ကြိုးစားနေပါတယ်"

"ဟူး.. ဒါဆို ရောင်က ကိုယ့်ညီလေးဆိုတာတော့ သေချာနေပြီ.. ဒါပေမယ့် ဒီထဲက လျှို့ဝှက်ချက်တွေကိုတော့ ဆက်စပ်လို့မရသေးဘူး မင်းသက်"

အကိုတော်ပြောတာ မှန်သည်။ ဒီထဲမှာ လျှို့ဝှက်ချက် တော်တော်များများရှိနေသေးသည်။

"ဟုတ်ပါတယ် အကိုတော်.. အရှင်က ရောင်ကို ဘာလို့များ မလိုချင်ရတာလဲ"

"ကိုယ်တစ်ခုကို မရှင်းဘူးဖြစ်နေတယ် မင်းသက်"

"ဟုတ်ကဲ့ .. ပြောပါ အကိုတော်"

"ဖခင်က ရောင်ကို ဘာလုပ်ခဲ့တာလဲ.. မယ်မယ်က ရောင်ရဲ့ နှလုံးခုန်သံမရှိတော့လို့ ရောင်ကို သဂြိုလ်ခိုင်းခဲ့တာမဟုတ်လား"

"ဟုတ်ပါတယ်.. အဲ့တာက .. ကြည့်ရတာတော့ အရှင်က ရောင်ရဲ့နှလုံးမှာ အပ်စိုက်ခဲ့ပုံရပါတယ် အကိုတော်"

အာရုဏ် မျက်လုံးပြူးသွားသည်။

"အပ်စိုက်ခဲ့တယ်.. ဟုတ်လား"

"ဟုတ်ကဲ့.. ဒါက ကျွန်တော့်ရဲ့ ခန့်မှန်းချက်ဆိုပေမယ့် ဖြစ်နိုင်ချေ အများကြီးရှိတယ် အကိုတော်.. ရောင်ရဲ့ နှလုံးကို ရပ်တန့်ဖို့ အရှင်သုံးခဲ့တဲ့ နည်းက အဲ့တာဖြစ်မယ်ထင်တယ်"

H.A.E.D.E.N (Completed)Where stories live. Discover now