Part 51 (Uni)

4.2K 258 18
                                    

အပိုင်း - ၅၁

-ဝုန်း-

ရောင်နဲ့ညခင်း စာဖတ်ခန်းထဲမှအထွက် အောက်ထပ်မှ ထွက်ပေါ်လာသည့် ပေါက်ကွဲသံ။

ရောင် မျက်လုံးပြူးသွားသည်။ ထို့နောက်မှာတော့ နှစ်ယောက်လုံး မတိုင်ပင်ရဘဲ သား အခန်းဆီ အပြေးသွားမိတော့သည်။ သား လန့်သွားမှာကို စိုးရိမ်စိတ်ကြောင့် ရောင် ခြေလှမ်းတွေပင် မမှန်ချင်။

ရောင်တို့ အခန်းထဲ ဝင်သွားသည့်အခါ သားက နိုးနေပြီ။ သားက လက်ကားယားခြေကားယားဖြင့် ပုခက်ထဲမှာ ဆော့နေလေ၏။ ရောင် သားကို ပုခက်ထဲကနေ ပွေ့ယူချီလိုက်သည်။ သား မငိုတော့မှ ရောင် သက်ပြင်းချနိုင်တော့သည်။ ညခင်းလည်း သက်ပြင်းခပ်ဖွဖွချသည်။

"သား.. လန့်သွားသေးလား"

ရောင်က သားကို ပခုံးပေါ်တင်ပြီး ကျောလေးကိုပုတ်ပေးမိသည်။

"ကိုကို !!"

"အွန်း"

"ဟို.. ခဏနော်.. မောင် အောက်ထပ်ခဏလောက်သွားပြီး ပြန်လာခဲ့မယ်.. ရလား"

"ရတယ်.. မောင်.. ဘာဖြစ်တာလဲ သွားကြည့်လိုက်လေ"

"အင်း"

ညခင်း သား၏ နဖူးလေးကို နမ်းလိုက်သည်။

"လန့်သွားသေးလား မွန်း"

ညခင်း မေးလိုက်သည့်အခါ သားက တအဲ့အဲ့အသံလေး ပြန်လုပ်ပြသည်။

"အဲ့.. အဲ့"

ညခင်း သား၏ လက်လေးကိုပါ နမ်းလိုက်သည်။

"ကိုကို.. သားနဲ့ နေခဲ့ဦးနော်.. မောင် အခြေနေ သွားကြည့်လိုက်ဦးမယ်"

"ရတယ် မောင်.. ကိုယ် သားနဲ့ နေခဲ့လိုက်မယ်"

ညခင်း ကိုကို့ကို ခေါင်းညိတ်ပြပြီး သား အခန်းထဲကနေ ထွက်ခဲ့လိုက်သည်။

အောက်ထပ်ဆီဆင်းရင်း ညခင်း အတွေးတွေက ရှုပ်ယှက်ခတ်လျှက်။ ညခင်း ခေါင်းခါရင်း သက်ပြင်းချလိုက်ပါသည်။ မဖြစ်ပါစေနဲ့' ဆိုသည့် ဆုတောင်းကလည်း ရင်ထဲမှာ ပဲ့တင်ထပ်လျှက်သာ။ သို့သော် ညခင်း၏ ဆုတောင်းက ပြည့်ပါ့မလားကတော့ မသေချာ။

H.A.E.D.E.N (Completed)Where stories live. Discover now