Part 52 (Uni)

3.6K 218 9
                                    

အပိုင်း - ၅၂

ညခင်းက ခေါင်းလျှော်ထားတာ ရေမခြောက်သေး။ Bathrobe ကို ခပ်လျော့လျော့ဝတ်ထားပြီး Tablet ပေါ်မှာ အလုပ်များနေလေသည်။ ရောင် သားကို ချီထားရင်း ခေါင်းခါမိပါ၏။ ညခင်းက ခုတလော ဘာတွေ အလုပ်များနေလဲကို မသိပါ။

သားက ရောင်ကို ပိုကပ်တာလည်း အပြစ်ပြောလို့မရ။ သားနဲ့ အတူရှိနေရသူက ရောင်။ ညခင်းက အားမှ သားအနားကို ကပ်နိုင်သည်။

ရောင် သားကို ကုတင်ပေါ်ချပေးပြီး ပေါင်လေးကို ပုတ်သိပ်လိုက်သည်။ သားက ရောင်ကို ကြည့်ရင်း ခဏလောက်သာ ဆော့သည်။ ပြီးတာနဲ့ အိပ်ပျော်သွားတော့သည်။ ရောင် အိပ်ပျော်သွားသည့် သား၏ ရင်ဘတ်ပေါ် စောင်လေးတင်ပေးလိုက်သည်။

ခုရက်တွေထဲ ညခင်းက သားကို အခန်းထဲမှာ ခေါ်ထားစေသည်။ သားက အရင်ကနဲ့ မတူတော့။ တဖြည်းဖြည်း ထွားလာပြီ။ ညခင်းက သား၏ အခန်းကိုလည်း ကုတင်တွေ အသစ်ထည့်မည်တဲ့လေ။ ထို့ကြောင့် သားကို ရောင်တို့ အခန်းထဲမှာပင် ခေါ်သိပ်ဖြစ်သည်။ သား၏ ပုခက်လေးကတော့ ရောင်တို့ အခန်းဆီ ရောက်လာခဲ့ပြီလေ။ သားက ညတွေလည်း သိပ်မနိုးတော့။ ထို့ကြောင့် ညခင်းရော ရောင်ပါ ကောင်းကောင်းအိပ်ရသည်။

"မောင်"

ရောင် ခေါ်လိုက်သည့် အခါ ညခင်းက မော့ကြည့်လာခဲ့သည်။

"အင်း.. ကိုကို အိပ်ချင်ပြီလား.. ဘာလိုလို့လဲ"

"မအိပ်သေးပါဘူး.. ဘာမှလည်းမလိုပါဘူး"

"အမ်.."

"ဟွန့်"

ရောင် သဘတ်တစ်ထည်ယူပြီး ညခင်း၏ ဆံပင်လေးတွေကို ခပ်ဖွဖွ သုတ်ပေးသည့်အခါ ညခင်းက ပြုံးသည်။

"ရပါတယ် ကိုကိုရဲ့.. မောင့်ဆံပင်တွေက ခဏလောက်နေရင် သူ့ဘာသာ ခြောက်သွားမှာပါ"

"မောင်ရယ်.. မောင်ဆံပင်တွေက ကျောလည်ထိရှည်တာလေ.. ဘယ်လို ခြောက်မှာလဲ"

"ကိုကို ပင်ပန်းမှာစိုးလို့ပါ"

"မောင့်ကို ခေါင်းသုတ်ပေးရတာ ပင်ပန်းမလား မောင်ရဲ့"

ညခင်း ကိုကို့လက်လေးတွေကို ဆွဲယူလိုက်သည်။ ထို့နောက် လက်ဖမိုးလေးတွေကို ခပ်ဖွဖွနမ်းမိသည်။

H.A.E.D.E.N (Completed)Where stories live. Discover now