အပိုင်း 21 Uni

119 6 6
                                    

မီးပန်းများစီကို အလုံးစုံအာရုံရောက်နေရင်းရှောင်မင်းကြီး လဲကျသွားသဖြင့် ယခင်ကအပျော်များက အထိတ်တလန့် နှင့် အဆုံးသတ်သွားခဲ့ရသည်။ရှောင်မင်းကြီးကို နန်းဆောင်အတွင်းသို့ အမြန် ပို့ဆောင်ပြီးတစ်ချို့အစေခံများကလည်း အထိတ်ထိတ်အပြာပြာဖြင့် တော်၀င်သမားတော်ကို ပင့်နေကြသည်။မိဖုရားများကလည်း မည်သို့မျှ မတတ်နိုင်တဲ့အဆုံး မင်းကြီးဘေးတွင် မျက်နှာကို ယပ်ဆောင်များကာလျက် စိုးရိမ်နေသော မျက်နှာများဖြင့် ရပ်ကြည့်နေကြသည်။
ရှောင်မင်းကြီး၏ ရင်ဘက်မှာ နိမ့်ချည်မြင့်ချည်ဖြင့် လှုပ်ခတ်လျက်ရှိပြီ တစ်ချပ် ချပ် ရပ်တန့်သွားတတ်ကာ ရောဂါကို အလူးအလိမ့်ခံစားနေရပုံပေါ်သည်။
တော်၀င်သမားတော်မှာ အရေးကြီးအသုတ်ဖြာဖြင့် အိပ်ယာမှ ထလာခဲ့တာကြောင့် အ၀တ်အစားများဟာ သပ်သပ်ရပ်ရပ်မရှိနေတော့ချေ။
ရှောင်မင်းကြီးအနားသွားလိုက်ပြီး သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ရာ လန့်ဖြန့်သွားရသည်။ဒီသွေးခုနှုန်းက သေတော့မည့်သူ၏ သွေးခုန်နှုန်းမျိုးဖြစ်နေသဖြင့်

"မင်းကြီ...ကျွန်တော်..မစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ..မင်းကြီးရဲ့ ရောဂါက အရင်ကထက်ပိုဆိုးဝါးနေပါပြီ..ကျွန်တော်မျိုး စိုးရိမ်မိတာက..မနက်ဖြန်အထိ အသက်မရှင်နိုင်မှာကိုဘဲ..မင်းကြီး..ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးတော်မူပါ.."

မိဖုရားများဟာ စတင်၍ငိုကျွေးနေတော့သည်။နာရီအနည်းငယ်က ပျော်ရွှင်နေခဲ့သောလေထုဟာ ချက်ခြင်းဆိုသလို ၀မ်းနည်းခြင်းအငွေ့သက်များစတင်ဝါးမျိုနေတော့သည်။ရှောင်မင်းကြီးက သူ့ရဲ့ နောက်ဆုံးအချိန်ဆိုတာ သိတာကြောင့် ရှောင်ကျန့်နှင့် ကျန် သား2ယောက်ကို ခေါ်စေလိုက်သည်။ခဏအကြာတွင် မင်းသား1နဲ့ မင်းသား3တို့ ရောက်ရှိလာကြပြီး ရှောင်မင်းကြီးကို ပွေ့ဖတ်လိုက်ကြသည်။ရှောင်မင်းကြီးမှာ သားတော်နှစ်ပါးနဲ့ မျက်နှာနှစ်ခုကို လက်နှစ်ဖတ်ဖြင့် ထိတွေ့လိုက်ပြီး မျက်ရည်များဝိုင်းလာရသည်။လေပြေအေးလေးများက ၀မ်းနည်းမှုများကို ချင်ချင်းမပျောက်ကွယ်သွားစေနိုင်သလို ဘယ်လောက်အစွမ်းထက်တဲ့ တော်၀င်သမားတော်နေ နေခမည်းတော်ရဲ့ ရောဂါကိုလည်း ချက်ခြင်းပျောင်ကင်းအောင် ကုသမပေးနိုင်ကြပေ။တစ်ခုလုပ်နိုင်တာကတော့ အသေဖြောင့်အောင်သာဖြစ်သည်။
ရှောင်ကျန့်ရောက်လာတော့ ရှောင်မင်းကြီးကသူ့အနားကပ်စေကာ သေတမ်းစာကို ရှောင်ကျန့်ထံ လွှဲအပ်ရင်း

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now