အခန်း၄

27.5K 2.1K 947
                                    

  မိုးထက်ဝနာ နိုးလာ‌တော့ခွန်းမောင်၏အခန်းထဲတွင်ဖြစ်၏။ သူ့ခန္ဓာကိုယ်တွင်းရှိ ပွန်းပဲ့ရာတချို့သည်ဆေးတွေကြောင့် အပေါ်ယံတွေပင်ခြောက်လုလုဖြစ်နေလေသည်။

  ခွန်းမောင်သည်အခန်းတွင်းရှိမနေပဲ အခန်းထောင့်တွင်တော့ ခြေသည်း၊ လက်သည်း ‌အချောတိုက်နေသည့် တပည့်တစ်အုပ်သာရှိ၏။

   "နိုးပြီလား ဘောဇ့်ရဲ့ဝနာ"

ပူးပေါင်းနာမ်ကြောင့် မိုးထက်ဝဠာခေါင်းပင်မူးဝေဝေဖြစ်သွားရပြန်သည်။ထိုငဂျစ်ပတည့်ရွေးတုန်းက ကျောက်တုံးတွေလိုတစ်ရုပ်ထုတည်းများထုထားလေသလားမသိ။ တစ်ဂိုဏ်လုံး စရိုက်တွေက တစ်ထပ်တည်း။

  "မင်းတို့ ဘောစ့် ဆိုတဲ့ဟာလေးရော"

   "ဘောဇ့်က သူဆေးရုံတက်ရတယ်ဆိုတာကို မပြောဖို့မှာထားပါတယ်"

   "...."

ထားလိုက်ပါ ငါမကြားလိုက်ဘူးပဲ။

သေချာပြန်စဉ်းစားကြည့်မှ ထိုနေ့က ခွန်းမောင်၏ဖြူဖျော့နေသည့်မျက်နှာနှင့်သွေးတစိမ့်စိမ့်ယိုနေသည့်ဝမ်းဗိုက်။

မိုးထက်ဝဠာယခုကဲ့သို့ ပြန်ပေးဆွဲခံရသည်မှာပထမဦးဆုံးမကြိမ်မဟုတ်ချေ။ဥက္ကာခွန်းမောင်နှင့်ပတ်သက်လို့ မကျေနပ်တဲ့လူတွေ၊ ရန်ငြိုးရန်စရှိတဲ့‌လူတွေက မိုးထက်ဝဠာကိုသာ လာလာသုတ်သွားကြတာလေ၏။

ထို့နောက်တွင် ဥက္ကာခွန်းမောင်၏ တပည့်တစ်သိုက်ကြောင့် ဆေးရုံမှာလူပင်မဆံ့။

   "ကျွန်တော့်ကိုဆေးရုံလိုက်ပို့ပေးပါလား"
 
     "ဘယ်နေရာဘာဖြစ်လို့လဲဗျ၊ကျော်တို့ဆီက ဆရာဝန်ကအရမ်းတော်တာ"

   "....."

ဘောဇ့်ပြန်နိုးလာတဲ့အချိန် ဘောဇ့်ဝနာမရှိရင် သူတို့တစ်အုပ် တစ်ကျင်းဝယ်၊ တစ်ကျင်းလက်ဆောင်နှင့် မြေတူးထားရုံသာ။

  "ကျွန်တော်ဘယ်မှမသွားပါဘူး။ခွန်းမောင်ရှိတဲ့ဆေးရုံကိုသွားချင်တာပါ"

   "ဪ ... ပြောပြောကစောပေါ့"

    "....."

တဟီးဟီးတဟားဟားနှင့်ရယ်ပွဲကျသွားသောထိုတစ်အုပ်ကိုကြည့်ကာ မိုးထက်ဝဠာခေါင်းသာခါလိုက်မိ၏။

ပြန်ချစ်လေဗျာ လိမ္မာပါ့မယ် (My Universe)Where stories live. Discover now