အခန်း‌၁၁

20.1K 1.6K 634
                                    

  "အစ်ကိုဝဠာ ညနေပြန်ရင်ဒါလေးယူသွားနော်"

    "ဘာလဲဟင်"

     "ဟင်းပါဗျ။ ပြန်ရင်မိုးချုပ်တော့အစ်ကိုချက်မစားဖြစ်မှာဆိုးလို့"

   "အာ ... ကျေးဇူး"

ဟင်းဘူးကိုသိမ်းပြီးတဲ့အခါ နယုန်သည် ပြုံးရင်းတခြားအလုပ်ကိုသာလုပ်နေ၏။ ဂစ်တာလာကြည့်ကောင်မလေးနှစ်ယောက်၏အကြည့်တွေမှာရွှန်းရွှန်းဝေနေတာမို့ မိုးထက်ဝဠာ နည်းနည်းပင်ကြောင်အသွားရလေသည်။

ဆိုင်ကိုများသောအားဖြင့် မိန်းကလေးတွေလာတာများလေသည်။တချို့ကတော့ ဆိုင်အတွင်းပိုင်းကလှသည်မို့ဓာတ်ပုံလာရိုက်တာဖြစ်သလို၊တချို့ကတော့သင်တန်းလာစုံစမ်းတာလည်းဖြစ်၏။ သင်တန်းတက်ပြီး ၃ရက်လောက်ဆို ပျောက်ပျောက်သွားကြတာကလည်းမနည်းလှ။

   ညနေဆိုင်သိမ်းပြီးတဲ့အခါ နယုန်က ဆိုင်ကယ်ဖြင့်ရောက်လာ၏။ ပုံမှန်ဆို မိုးထက်ဝဠာစက်ဘီးဖြင့်သာပြန်တတ်တာပင်။ အရင်တစ်ခါကိစ္စပြီးကတည်းကစက်ဘီးပြန်မနင်းရဲသေးမို့ လမ်းလျှောက်ပြီးအသွားပြန်လုပ်နေတာပင်။

    "ကျွန်တော်လိုက်ပို့မယ်"

     "ရပါတယ်၊ အစ်ကို ဒီတိုင်းပြန်လိုက်မယ်"

      "မဟုတ်တာ၊ တက်ပါ အစ်ကိုဗျ"

မိုးထက်ဝဠာနောက်ဆုံးတွင် ဆိုင်ကယ်ပေါ်သို့တက်ထိုင်လိုက်ရ၏။ နယုန့်ပုံစံကနည်းနည်းလေးထူးဆန်းလာပေမဲ့ ထိုကောင်လေးက လူချစ်၊ လူခင်ပေါအောင်နေတတ်တာမို့လည်းဖြစ်လိမ့်မည်။

အိမ်ရှေ့ရောက်တဲ့အခါ မီးပိတ်ထားတဲ့အိမ်ကလေးကိုကြည့်ပြီး အထီးကျန်မှုက ရင်ထဲလှိုက်ခနဲ။သတိရစိတ်လိုလို၊တမ်းတစိတ်လိုလိုခံစားချက်ဟာရင်ထဲလေးလံလှ၏။

   "အရင်ရက်က လူတွေကဘယ်သူလဲဗျ"

    "အစ်ကို့ အသိတွေပါ"

    "ဪ... နည်းနည်းထူးဆန်းကြလို့လေ!"

မိုးထက်ဝဠာ ရယ်ပြလိုက်ရင်းသာ နှုတ်ဆက်၍ အိမ်ထဲဝင်လိုက်သည်။ မီးဖွင့်ပြီးနောက်တွင် နယုန်ထည့်ပေးလိုက်တဲ့ဟင်းအား နွှေးကာ ထမင်းအကျန်နှင့် ရောထည့်လိုက်၏။

ပြန်ချစ်လေဗျာ လိမ္မာပါ့မယ် (My Universe)Onde histórias criam vida. Descubra agora