အခန်း၈

18.4K 1.5K 430
                                    


   မိုးထက်ဝဠာသည်သူ့ရပ်ကွက်အကြောင်းသူကောင်းကောင်းသိ၏။ အပိုင်းထဲတွင် ဒေါ်ဘုတ်ဆုံ ဆိုတဲ့အပျိုကြီးအိမ်မှာပဲ မန်းကျည်းပင်ရှိတာဖြစ်သည်။အပျိုကြီးအလျောက်အပေါက်ကလည်းဆိုးလေသည်။

   ခွန်းမောင်ဆူလိုက်တဲ့အခါ တစ်ဖွဲ့လုံး သူတို့ အိပ်ရမည့်နေရာတွေစီအသီးသီးဝင်သွားကြ၏။ထို့နောက်ဟာမတ်ထံကဖုန်းလာတဲ့အခါ ခွန်းမောင်က အပေါက်ဝတွင်ဖုန်းပြောနေလေသည်။

ခွန်းမောင်၏ရှည်လျားသောအရပ်နှင့် ထွားသောခန္ဓာကိုယ်သည်အချိုးစားကျကာ၊ပိန်တယ်၊မဟုတ် ဝတယ်မဟုတ်သော အချိုးစားဖြစ်၏။

  သူဖြတ်လျှောက်လျှင် မိန်းကလေးတိုင်း လည်ပြန်ငေးရလောက်တဲ့ခန့်ညားမှုမျိုးဆိုလည်းဟုတ်သည်။

   "ကြည့်လို့ ဝပြီလား"

ရုတ်တရက်မို့ မိုးထက်ဝဠာလူမိပြီး ရှက်ကိုးရှက်ကန်းဖြစ်သွားမိ၏။

   "ဒီကောင်ရှက်ဖို့လည်းထားပါအုံးဗျာ"

ခွန်းမောင်သည် ဖျာပေါ်လှဲအိပ်ချလိုက်လေသည်။သူ၏ရှည်လျားသောအရပ်သည်ဖျာထက်ပင်ကျော်နေသေး၏။ မိုးထက်ဝဠာသည် အနည်းငယ်တွန့်ဆုတ်စွာဖြင့်သာ။

   "တခြားမှာ သွားအိပ်!"

"အိမ်ရှေ့မှာ ဟိုတစ်အုပ်နဲ့ပြည့်နေမှာ"

  တကယ်တော့ ပြန်တွေးကြည့်လျှင် အဖြစ်သည်းနေသလိုဖြစ်မှာဆိုးတာကြောင့် မိုးထက်ဝဠာ ခွန်းမောင်နှင့်ခပ်လှမ်းလှမ်းတွင်သာ လှဲလျောင်းလိုက်လေသည်။

ခါးသွယ်သွယ်သို့ လက်ဖဝါးကျယ်ကျယ်ကညင်သာစွာ ‌ဆုပ်ကိုင်ပြီးနောက်တွင် ချက်ချင်းဆိုသလိုရင်ခွင်ကျယ်အတွင်းသို့ပွေ့သွင်းခံလိုက်ရ၏။

   "ပူရတဲ့ထဲ.."

မိုးထက်ဝဠာ၏ညူစူသည့်အသံလေးမှာ ပျားပိတုန်းလေးပန်းပွင့်လေးထက်ဝဲသလို ညင်ညင်သာသာလေးဖြစ်လေသည်။

ခွန်းမောင်အတွက်တော့ ကျီစယ်နေသည့်နှယ်။

   "ဒီထက်ပူရမဲ့ကိစ္စမလုပ်တာပဲကျေးဇူးတင်!"

      "......."

မိုးထက်ဝဠာ ထိုမှစ၍အသံမထွက်တော့ပါချေ။

ပြန်ချစ်လေဗျာ လိမ္မာပါ့မယ် (My Universe)Unde poveștirile trăiesc. Descoperă acum