အခန်း၁၃

18K 1.4K 315
                                    

   ခွန်းမောင် နာကျင်ကိုက်ခဲမှုတို့ဖြင့်နိုးထ လာတဲ့အခါ သူ့လက်ဖဝါးတွေသည်တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ခံထားရ၏။ သေးငယ်တဲ့လက်ဖဝါးလေးသည်လွတ်ထွက်သွားမှာလို ဆုပ်ကိုင်ထားတာဖြစ်သည်။

  စောင်းအိပ်နေသော မျက်နှာနုနုကလေးသည် မွှေးမျှင်းကလေးပါပေါက်ရောက်လို့ နုနယ်မှုကိုလှစ်ဟပြနေသည့်နှယ်။

   "ဟင် .. ခွန်းမောင်!"

   "ခင်ဗျားက ဘယ်လိုလုပ်ဒီရောက်တာလဲ!"

ရုတ်တရက်တင်းမာတဲ့လေသံကြောင့် မိုးထက်ဝဠာကြောင်ခနဲ။ ခွန်းမောင်သူ့အား မေ့မသွားတာကိုဝမ်းသာသည့်တိုင်၊ သူမခံသာသောလေသံကြမ်းကြမ်းတွေကိုကြားရသည့်အခါ နှလုံးသားကနာကျင်လာရ၏။

    "ဘာလဲ ပိုက်ဆံလိုပြန်ပြီလား!"

    " ငါ .. အဲ့လို မဟုတ်!"

ခွန်းမောင်သည် ခပ်ဟဟရယ်လေသည်။ ထိုအမူယာသည် လှောင်ပြောင်နေသည့်နှယ်။ မိုးထက်ဝဠာခေါင်းကိုငုံ့လို့ ဝမ်းနည်းမှုတွေကို ကွယ်ဝှက်လိုက်မိသည်။

ရုတ်တရက်လက်ကောက်ဝတ်ကနေတင်းတင်းကြပ်ကြပ်ဆောင့်ဆွဲခံလိုက်ရတဲ့အခါလူက ဆွေ့ခနဲကုတင်ထက်ရောက်သွားရ၏။

မေးသည်ခပ်ကြမ်းကြမ်းပင့်တင်ခံလိုက်ရပြီး အသက်ရူသံတွေပါရိုက်ခတ်မိသည်အထိ နီးကပ်သွားရလေသည်။

   "စောက်ရမ်းလိမ္မာနေသလိုပဲ ခင်ဗျား!"

    "တလျောက်လုံး ဆိုးခဲ့တာ မင်းလေ"

အနှီရန်တွေ့သံလေးမှာ မထင်မရှားထွက်လာတော့ ခွန်းမောင်မျက်ခုံးကပင့်ခနဲ။ တကယ်ကိုရဲတင်းလာတာပဲ။

ခွန်းမောင်၏ ရင်ခွင်ထဲတွင် မိုးထက်ဝဠာက လှဲလျောင်းသည့်အနေအထားတွင် နှစ်ယောင်စလုံးငြိမ်သက်နေခဲ့လေသည်။

စကားသံမရှိသလို၊ တစ်ယောက်အမူယာလည်းတစ်ယောက်မမြင်ရ။ သို့တိုင် နှလုံးခုန်သံတွေကတော့ထပ်တူကျနေခဲ့၏။

  ရုတ်တရက် မိုးထက်ဝဠာက သိသိသာသာတင်းကြပ်စွာဖက်လိုက်တော့ ဥက္ကာခွန်းမောင် လက်ကိုမြှောက်၍ ကြောင်လျက်သား။

ပြန်ချစ်လေဗျာ လိမ္မာပါ့မယ် (My Universe)Where stories live. Discover now