အခန်း၁၄

20.2K 1.4K 236
                                    


မည်သို့ပင်ဆိုစေကာမူ ခွန်းမောင်၏ အနိုင်လိုစိတ်ကလေးကိုတော့သူမထိန်းချုပ်နိုင်ပါချေ။ ထိုနေ့ကအဖြစ်ပျက်ပြီး မိုးထက်ဝဠာ ခွန်းမောင်တပည့်တွေကြားမျက်နှာပင်မပြရဲ။

  ဆေးရုံက ဆင်းလာတဲ့အခါ မိုးထက်ဝဠာက သူ့အိမ်ကိုသာပြန်လေသည်။ညရောက်တဲ့အခါတံ‌ခါးခေါက်သံကြောင့် အိမ်ပြင်ထွက်လာတော့ ခပ်တည်တည်နှင့် အိမ်ပြင်တွင်ရပ်နေသောခွန်းမောင်ကိုမြင်လိုက်ရ၏။

  ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာ၊ အောက်ကနေ ခပ်ချေချေကြည့်နေပုံမှာ အလွန်ကိုအထက်စီးဆန်လွန်းသည့်အကြည့်ဖြစ်လေသည်။

  "ဘာကိစ္စရှိလို့လဲဟင်"

   "ကိစ္စရှိမှလာရမယ်ပေါ့!"

   "အဲ့လိုလဲ မဟုတ်..."
  
  "အဲ့တာဆို အကြွေးပေး!"

ထိုစကားပြောပြီးနောက် ကလေးများမုန့်တောင်းစားသလို လက်ဝါးကိုဖြန့်တောင်းနေ၏။မိုးထက်ဝဠာ ဘာလုပ်ရမည်တောင်မသိ။

  မိုးထက်ဝဠာမှာသူ့ရုပ်ကလေးအတိုင်းအနေအေးပြီးစကားနည်းတဲ့ မအူမလည်လေးသာဖြစ်လေသည်။တစ်စုံတစ်ယောက်က သူ့ကိုအခက်တွေ့အောင်လုပ်တဲ့အခါ စ နေတာသိရင်တောင် သူဘာလုပ်ရမည်မသိ။

  ခွန်းမောင်သည် ထိုအမူရာကိုကြည့်ကာ အနည်းငယ်မျက်နှာလွှဲသွား၏။ ရယ်သံတိုးတိုးလေးကြားတဲ့အခါ မိုးထက်ဝဠာပို၍အရှက်သည်းသွားမိသည်။

  အိမ်ပေါ်ခေါ်တင်ပြီးနောက်တွင် ခွန်းမောင်က သူ့အိမ်၊ သူ့အိုးလို နေထိုင်ကာ မိုးထက်ဝဠာကတော့ကြုံ့ကြုံ့ကလေး။

    "မင်းဘာစားပြီးပြီလဲ"

     "ဘာကျွေးချင်လို့လဲ"

     "......."

ခွန်းမောင်က ဘာသဘောနှင့်ပြောသည်မသိပေမဲ့မိုးထက်ဝဠာကတော့ရှက်ကိုးရှက်ကန်းဖြစ်ရပြန်သည်။ ထို့နောက်မီးဖိုဆောင်ထဲဝင်ကာ မွှေနှောက်ရပြန်သည်။

အိမ်မှာမနေတာကြာပြီမို့ ထွေထွေထူးထူးစားစရယ်လို့မရှိ။ ရေခဲသေတ္တာဘာညာလည်းမရှိသည်မို့ အခြောက်အခြမ်းအချို့သာရှိလေသည်။

ပြန်ချစ်လေဗျာ လိမ္မာပါ့မယ် (My Universe)Donde viven las historias. Descúbrelo ahora