အခန်း(၁၅)

23.5K 1.5K 200
                                    

   မိုးထက်ဝဠာသည် အလုပ်သွား၊ အလုပ်ပြန် အပြင် ခွန်းမောင်ကိုပြစုရသည့် အလုပ်ကလေးပါထပ်ပိုလာ၏။ ကိုယ်ဝန်မဆောင်ပဲကလေးမွေးလိုက်ရသလိုပါပင်။

   ကျူရှင်ဝိုင်းရှိတဲ့ရက်တွေဆို တစ်ခါတလေအတော်ကိုနောက်ကျတတ်၏။ ဒီနေ့လည်း ဝိုင်းတစ်ဝိုင်းမှဆရာမ မှာ သူ့အနေမကောင်းလို့စောစောပြန်သွားသည်မို့ ကလေးတွေအိမ်စာကူစစ်ရင်း နောက်ကျရပြန်သည်။

အားလုံးပြီးတဲ့အခါ အချိန်မှာ ၇နာရီပင်ကျော်နေလေပြီဖြစ်၏။ မိုးထက်ဝဠာ လမ်းလျှောက်ပြန်ရမှာမို့ ခြေလှမ်းကိုအရှိန်တင်နေစဉ် နယုန့်ဆိုင်ကယ်ကိုမြင်လိုက်ရလေသည်။

  အမှောင်ထဲရှိနယုန့်အပြုံးက ကြည်လင်ကာ၊ သက်သောင့်သက်သာရှိစေ၏။ သို့တိုင် မိုးထက်ဝဠာအတွက်တော့ အားကိုးရတဲ့ညီလေးအပြင်မပိုပါချေ။

တဆက်တည်းမှာပင် ကျွီ ခနဲ ခပ်ကြမ်းကြမ်း ဘရိတ်အုပ်သံကြီးကိုကြားလိုက်ရသည်။ ကြားဖူးနေကျအသံမို့လှည့်ကြည့်တော့ ခွန်းမောင် သူ့စက်ဘီးပေါ်တွင် မှောင်ကုတ်ကုတ်နဲ့ ခွထွား၏။

  စက်ဘီးနှင့်ဆိုင်ကယ်ကြားတွင် မိုးထက်ဝဠာ မှာမျက်နှာငယ်လေးဖြင့်။ သူ့ဝိတ်ကမလေးဘူးဆိုရင်တောင် ခွန်းမောင်ဗိုက်ကချုပ်ရိုးက ရှိနေသေးသည်။ ဒါပေမဲ့လည်း နယုန်နှင့်လိုက်သွားလျှင် သူ့ဘဝမတွေးရဲစရာ။

   "အစ်ကို တက်လေဗျ!"

   "လိုက်သွားလေ"

ခွန်းမောင်က ခပ်ညစ်ညစ်ပြုံးရင်းထပ်ပြောလေ၏။

   "သတ္တိရှိရင်"

   "......"

ထိုအသံကြားတော့ နယုန်ကမျက်ခုံးပင့်သွားလေသည်။ကျားနဲ့ဝံပုလွေကြား ယုန်သူငယ်လို မိုးထက်ဝဠာမှာတုန်နေရ၏။

   "ခင်ဗျားက ဘာကောင်လဲ"

  "မင်းမေလင်လေ!"

ဘတ် ခနဲ အပြောမှာ နယုန်မျက်နှာမည်းခနဲ။ မိုးထက်ဝဠာ ခွန်းမောင်ဘက်ပြေးကာ နယုန်အားပြေးလွှားတောင်းပန်လိုက်ရလေသည်။

   "နယုန်ရယ် အစ်ကိုတောင်းပန်ပါတယ်"

မိုးထက်ဝဠာ မျက်နှာကြောင့်နယုန်မှာ အနည်းငယ်မာန်ကျသွား၏။ မာန်မကျလို့လည်းမရပါချေ။ မိုးထက်ဝဠာမှာ နယုန်စိတ်မထိန်းနိုင်လို့ ဝင်လုံးရင်း ခွန်းမောင်လက်ချက်နဲ့ထိုကလေး တစ်စ စီ‌လိုက်ကောက်နေမှာကိုမြင်ယောင်နေ၏။

You've reached the end of published parts.

⏰ Last updated: May 16 ⏰

Add this story to your Library to get notified about new parts!

ပြန်ချစ်လေဗျာ လိမ္မာပါ့မယ် (My Universe)Where stories live. Discover now