ခွန်းမောင်၏ ခေါင်းတွင် အကွက်လေးဖြစ်နေ၏။ ပတ်တီးဖြုတ်ပြီး ပလစတာကပ်ထားသည်မို့ထိုနေရာကဆံပင်တွေကို လိုသလောက်လေးရိတ်ထားရတာမို့ဖြစ်သည်။တပည့်တစ်အုပ်လာပို့ပေးတဲ့ မန်းကျည်းရွက်သုပ်ကလေးနှင့်ပဲဟင်းပန်းကန်ကိုကြည့်ကာရင်ထဲတသိမ့်သိမ့်။ ခေါင်းကဒဏ်ရာနဲ့တန်တယ်ပဲပြောရမလား။
ခွန်းမောင်သည် စားပြီးတာနှင့် ပန်းကန်တွေကိုယူကာနောက်ဖေးပေါက်ထဲဝင်လာလိုက်၏။အထဲတွင်ကြပ်သိပ်နေအောင်ကိုပင်တပည့်တစ်အုပ်ကနေရာယူထားလေသည်။
ခွန်းမောင်မျက်မှောင်ကြုတ်တာမြင်တို့ဇက်လေးတွေပုဝင်သွားကြတာ တညီတညာတည်း။
"မင်းတို့ကောင်တွေဘာလုပ်နေကြတာလဲ!"
"ကျော်တို့.... ကျော်တို့"
တကယ်တော့ သူတို့ဂိုဏ်းအရမ်းချမ်းသာလေသည်။သူ့တို့ကိုလည်းအစာရေစာအဝအလင်ကျွေးပါ၏။နေ့တိုင်းမရိုးအီရလေအောင်ချက်ကျွေးဖို့ စားဖိုမှူးတွေလည်းရှိလေသည်။
ဒါပေမဲ့ မန်းကျည်းရွက်စိမ်းသုပ်ကို သူတို့စားမဝ။မျက်နှာငယ်လေးတွေနှင့်အုပ်စုလိုက်ကြီးလာတောင်းပေမဲ့ တကယ်ပင်မရှိတော့တာပင်။
"အပြင်ထွက်ပြီး လုပ်စရာရှိတာသွားလုပ်ကြ!မီးဖိုထဲထပ်ဝင်လာတဲ့ကောင် လစာဖြတ်မယ်!!"
ထိုအခါမှ ဝှီခနဲ ပြေးထွက်သွားကြ၏။
မီးဖိုခန်းသည် အနည်းငယ်ကျဉ်းမြောင်းကာ ပစ္စည်းတွေလည်းများများစားစားမရှိလှ။သို့သော်သန့်ရှင်းသပ်ရပ်လေသည်။ မိုးထက်ဝဠာသည် ခွန်းမောင်ကို လှည့်ပင်မကြည့် တကုတ်ကုတ်ဖြင့်သာအလုပ်တွေလုပ်နေလေ၏။
"မင်္ဂလာဆောင်ကြမယ်"
ခွန်းမောင်၏အသံအဆုံးတွင် မိုးထက်ဝဠာ လက်တွေခေတ္တရပ်တန့်သွားခဲ့သည်။
"ငါ့ကို ၃ လလောက်အချိန်ပေးပါ"
ခွန်းမောင်အတွက်မလိုက်လျောနိုင်တဲ့အနေအထားတော့မဟုတ်ပါချေ။ဒီလတွေထဲလည်းသူခရီးထွက်ရန်မရှိ၊ တချို့ဟာတွေကိုဟာမတ်နှင့်သာသူအပ်ထားလိုက်၏။
YOU ARE READING
ပြန်ချစ်လေဗျာ လိမ္မာပါ့မယ် (My Universe)
RomanceMY Creditor Side Story ပါ။ Parallel Universe သဘောမျိုးပြန်ပြီး Creation လုပ်ထားတာမို့ main story နဲ့ မသက်ဆိုင်ပဲ အရင် character ကို ရသအသစ် တစ်မျိုးနဲ့ထပ်မံဖတ်ရူနိုင်မှာဖြစ်ပါတယ်ရှင့် 🤎 Cover Artist - B Ka Lay 🖤