အခန်း၉

17.4K 1.5K 340
                                    

     အချိန်တွေသည်တရွေ့ရွေ့နှင့်ကုန်ဆုံးလာခဲ့၏။ခွန်းမောင်သည် မိုးထက်ဝဠာ၏အမြှီးလေးလိုနေရာတကာတပူးတွဲတွဲ။

ခွန်းမောင်က သူ့ကိုယ်သူ " မောင်မောင်"ဟူ၍ ပြောတတ်လေသည်။ မိုးထက်ဝဠာ အစပိုင်းရှက်ပေမဲ့ နားရည်ဝသွားတဲ့အခါ လက်ခံနိုင်သွားခဲ့တာပင်။

  ခွန်းမောင်သည်‌အမြဲတမ်းတဇွတ်ထိုးသမား‌သာဖြစ်၏။သူလုပ်ချင်တာကိုရအောင်လုပ်သည်။မိုးထက်ဝနာထံမှ သူလိုချင်တာရှိလျှင် အချိန်ကြာတာနှင့်မြန်တာပဲရှိတာပင် မရလိုက်တာတော့မရှိ။

မိုးထက်ဝဠာအတွက်လည်း ထိုကဲ့သို့သော အနိုင်ယူမှုတွေအပေါ် အလိုလိုက်ပေးမှုကနေသားတကျ။

   အိမ်သေးသေးလေးပေမဲ့ မငြီးငွေ့နိုင်ဖွယ်ကောင်းကင်ဘုံလေးလို။

တစ်ခါတစ်လေ မိုးထက်ဝဠာစာသင်ဝိုင်းကနောက်ကျတဲ့အခါ ခွန်းမောင်က လမ်းထိပ်မီးတိုင်အောက်တွင် ဆေးလိပ်ထိုင်သောက်ရင်းစောင့်ပေးတတ်သည်။

အလုပ်ပိတ်ရက် ဂစ်တာဆိုင်သွားတဲ့အခါ ‌အိပ်မှုန်စုံမွှားရုပ်ကလေးနှင့်လိုက်ပို့ပေးတတ်ပြန်၏။

တစ်ရက်သူအပြန်နောက်ကျတော့ထုံးစံအတိုင်း မီးတိုင်အောက်တွင် ထိုငဂျစ်လေးရှိလေသည်။ ဆေးလိပ်ငွေ့တွေသည်အနားတွင်ဝေ့ပျံလျက်။သူ့ကိုမြင်တဲ့အခါထိုနေရာမှ ခြေလှမ်းကြဲတွေဖြင့်ရောက်လာကာ ရုတ်တရက်ပွေ့ဖက်လာလေ၏။

မူမမှန်တဲ့အသက်ရူသံ၊ ပုံမှန်ထက်ပိုနေတဲ့ ဆေးလိပ်တိုတွေ။

   "မောင်မောင် အိပ်မက် မက်တယ်"

မိုးထက်တဠာသည် ထိုငဂျစ်ရင်ခွင်ထဲကနေပင်ခေါင်းကိုဖော်လို့ ခပ်တိုးတိုးသာမေးလိုက်၏။

   "ဘာမက်လဲ"

  "ဝနာက မောင်မောင့်ကိုထားသွားတယ်တဲ့၊ ပြီးတော့အဝေးကြီးကိုထွက်သွားတာ၊ မောင်မောင်လိုက်လာရင်တောင်ရှာမတွေ့နိုင်တဲ့နေရာ"

ဖက်တွယ်မှုကတင်းကြပ်လာသည့်တိုင်ရုန်းမထွက်မိ။ အရူးလေးလိုဖြစ်နေတဲ့ ထိုငဂျစ်ကိုသနားစိတ်လေးက သေးသေးလေးဝင်ရောက်လာမိသည်။

ပြန်ချစ်လေဗျာ လိမ္မာပါ့မယ် (My Universe)Where stories live. Discover now