4.1

140 18 1
                                    

<Unicode>
Jimin အနည်းငယ်နာကျင်မှုနဲ့အတူ နောက်ကမ္ဘာကို ရောက်ရှိလာခဲ့သည်။သူရောက်လာချိန်က ည 8 နာရီဖြစ်ပြီး အိပ်ယာဝင်ချိန်ဖြစ်လေသည်။

'ယူနီ ဇာတ်ကြောင်း ဘယ်ရောက်နေပြီလဲ'

'မနက်ဖြန်ဆို ဇာတ်လိုက်မ နင်းနမ်နဲ့ အုဟုအုဟုတော့မှာပါ'

'တော်သေးတယ် အုဟုအုဟုနေချိန်မပို့လို့ အိပ်လိုက်အုံးမယ် Good night ယူနီ'

'good night Jimin'

Jimin လည်း စောင်ပါးခြုံကာ အိပ်စက်ခြင်းဆီသို့....

မနက်ခင်း နေရောင်ခြည်ဟာ ပြတင်းပေါက်ကနေကျော်ဝင်ကာ အိပ်စက်နေတဲ့ လူသားရဲ့ မျက်နှာပေါ်ကျရောက်လာသည်။

(Jimin ကို ဆုန်ဝပ်လို့ရေးပြီနော်)

ဆုန်ဝပ် နေရောင်နွေးနွေးကြောင့် အကြောဆန့်ပြီး ထထိုင်လိုက်သည်။လက်နှစ်ဖက်ကို ပူးပြီး ရှေ့သို့ဆန့်တန်းကာ ခါးကြောဆန့်လိုက်သည်။

ခေါင်းဘယ်ညာ‌ချိုးကာ စောင်ခေါက်လိုက်ပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းထဲဝင်လာခဲ့သည်။မှန်မှာပေါ်နေတဲ့ ရုပ်ကို စစ်ဆေးရင်း သွားတိုက်လိုက်သည်။

ဆုန်ဝပ်က အတော်လှသည်။ မေးရိုး ချွန်ချွန်လေးက ဆွဲဆောင်မှုအတော်ရှိသည်။ဖွာလန်ကြဲနေတဲ့ ဆံပင်ကလည်း မိမိုက်နေသည်။

မျက်နှာအမြန်သစ်ပြီး အောက်ထပ်ကို ဆင်းကာ အိမ်အကူတွေပြင်ထားတဲ့ မနက်စာကို စားသောက်နေလိုက်သည်။

ထိုအချိန် ရင်ဟိုက် အင်္ကျီနဲ့ ပေါင်ရင်းရောက်နေတဲ့ဘောင်းဘီတိုကို ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက်က စားပွဲမှာဝင်ထိုင်လာသည်။

ချိုမြိန်တဲ့အပြုံးကိုပန်ဆင်ကာ

"Morning သခင်လေး"

ဆိုပြီးမိတ်ဆက်လာတဲ့ ‌မိန်းကလေးဟာ သေချာပေါက် နင်းနမ်ဖြစ်သည်။ ဆုန်ဝပ် ရှေ့က စိဝာ်ပျက်စရာမိန်းကလေးကို မျက်မှောင့်ကြုံ့ကြည့်လိုက်ပြီး

"မင်းက ဒီအိမ်က အစေခံမဟုတ်ဘူးလား ငါ့လို သခင်လေးနဲ့ စားပွဲတစ်ခုထဲမှာ ဝင်စားရလောက်အောင် သတ္တိအတော်ကောင်း‌တာဘဲ"

အဆင်လေးကိုမြူဆွယ်မယ်Where stories live. Discover now