Episode 2

3.6K 232 0
                                    

My Beloved Lady
Episode 2

သူ မနက်​နိုး​တော့ အပြင်​ထွက်​လာ​တော့ သူမနှင့်​ ဧည့်​ခန်းမှာ​တွေ့သည်

'ရှင်​နိုးပြီလား စားပွဲ​ပေါမှာ ထမင်း ပြင်​​ပေးထားတယ်​ ရှင်​ စားဖို့ '

သူမ ​ပြောပြီး လှည့်​ထွက်​သွားသည်​ ​သူမအ​ဖေအခန်းထဲ ဝင်​သွားပြီး ပြန်​ထွက်​လာ​တော့ သူ မျက်​နှာသစ်​ပြီး ​ရေချိုးခန်းထဲက ထွက်​လာတာနဲ့ ဆုံ​နေသည်

'ရှင့်​ကို မှာစရာ​လေး ရှိလို့ '

'​ပြော​လေ '

'ကျွန်​မသွား​နေတုန်း ​ဖေ​ဖေကို ခဏကြည့်​ထား​ပေးပါ '

'ရပါတယ်​ ကြည့်​​ပေးမယ်​ မင်း အလုပ်​သွားတာလား'

'အင်း ဟုတ်​တယ်​ '

သူမ ပုံစံက အ​ပေါက Shirt အကျီ်င်္ အကွက်​နှင့်​ အ​ရောင်​မွဲမွဲ ဂျင်း​ဘောင်းဘီနဲ့​လေ

သူ သူမ ​ခေါင်းအစ ​ခြေအဆုံး ကြည့်​​နေသည်

'ဒီမှာ ရှင်​ ဘာကြည့်​​နေတာလဲ '

'ဘာမှ မဟုတ်​ပါဘူး မင်း ဒီလိုပုံနဲ့ အလုပ်​သွားမယ်​ဆိုလို့​လေ '

'ဘာဖြစ်​လို့လဲ ကျွန်​မက ကိုယ့်​မှာ ရှိ​တာပဲ ဝတ်​တာ သူများ​တွေလို ငှားရမ်းဝတ်​​နေတာ မဟုတ်​ဘူး အာ ရှင့်​ကို ​ပြော​နေတာနဲ့ အလုပ်​​နောက်​ကျ​တော့မှာပဲ '

သူမလက်​က ​ဟောင်း​နေတဲ့ သား​ရေနာရီ​လေးကို ကြည့်​ရင်း ​ပြောလိုက်​သည်

သူမ ချက်​ချင်းပဲ စားပွဲခုံပေါတင်​ထားတဲ့ ထမင်းချိုင့်​ခြင်းကို ဆွဲယူကာ အိမ်​ထဲက ထွက်​ခဲ့သည်

~~~~~

Company ထဲ ​ရောက်​​တော့ ၉ နာရီ ၁၀ မိနစ်​ ရှိ​နေပြီ​လေ

အခန်းထဲ ဝင်​ဝင်​ချင်းပဲ

'su ရယ်​ ဘာလို့ ​နောက်​ကျ​နေတာလဲ နင့်​ကို Luna က ​ခေါ​နေပြီ '

သူမရဲ့ လုပ်​​ဖော်​ကိုင်​ဖက်​ Krystal က ​ပြောသည်

'​အေးပါဟယ်​ ငါလဲ ​ဖေ​ဖေ​အတွက်​ လုပ်​​ပေးစရာ​လေး​တွေ လုပ်​​နေလို့ ​နောက်​ကျ​နေတာ '

My Beloved Lady Where stories live. Discover now