Episode 3

2.3K 228 6
                                    

My Beloved Lady
Episode 3

ပြီး​တော့ သူမ အခန်းထဲ ဝင်​သွားသည်​ ပြန်​ထွက်​လာ​တော့ ​ယောကျာ်း​လေးပုံစံနှင့်​ ....

ဆံပင်​​ရှည်​​တွေလဲ မရှိ​တော့ ဦးထုပ်​ကို ခပ်​ငိုက်​ငိုက်​​ဆောင်းထားပြီး အကျီင်္​အကွက်​နှင့်​ ဂျင်း​ဘောင်းဘီ နှင့်​ ...

မသိလျှင်​ ​​ယောကျာ်း​လေး အတိုင်းပဲ

သူ နားမလည်​လို့ သူမကို ​မေးလိုက်​သည်

'မင်း ဘယ်​သွားမလို့လဲ '

'Taxi ​သွားဆွဲမလို့​လေ '

'ဒီအချိန်​ကြီး '

'အင်း ​လေ '

'တစ်​​ယောက်​တည်း '

'ဟုတ်​ပါတယ်​ဆို '

သူမ ​ပြောပြီး ကား​သော့ယူကာ ထွက်​သွားသည်

သူ မ​ပြော​တော့ပဲ ဒီအတိုင်း အခန်းထဲ ဝင်​ခဲ့သည်

~~~~~

ဒီလိုနဲ့ သူ ဒီအိမ်​မှာ ​နေလာတာ တစ်​ပတ်​​တောင်​ ​ကျော်​​နေပြီ​လေ

သူ ​တွေး​နေတုန်း သူမ အလုပ်​က​နေ ပြန်​လာသည်

'ပြန်​လာပြီလား ငါ ​ပြောစရာယရှိလို့ '

'​ပြော​လေ '

'မင်း ဒီ​နေ့က စပြီး Taxi မ​မောင်းနဲ့​တော့ '

'မ​မောင်းလို့ ကျွန်​မက ဘာလုပ်​ရမှာလဲ ​မောင်းမှ ပိုက်​ဆံ ရတာ ​​မောင်းမှာပဲ '

'မင်း ကလဲ ​ပြောလိုက်​တာနဲ့ ​ဒေါသထွက်​ဖို့ပဲ စကား​လေးလဲ ဆုံး​အောင်​ နား​ထောင်​ဦး​လေ '

'ရှင်​စ​ပြောလာတာလဲ ကြည့်​​လေ '

'​အေးပါ ငါ​မှားတယ်​ပဲ ထား​တော့ မင်းအစား ငါ​မောင်း​ပေးမယ်​ '

'ဘာကိုလဲ '

'Taxi ကို​ပေါ့ '

'မလိုပါဘူး ကျွန်​မက ကိုယ်​တိုင်​ရှာတဲ့ ပိုက်​ဆံပဲ ကြိုက်​တယ်​ '

'ငါ ​ပြော​နေတာ မင်း အတွက်​ မိန်းက​လေးတစ်​​ယောက်​ထဲ ညကြီး အပြင်​မှာ '

'အို ရှင်​ပူစရာ မလိုပါဘူး ကိုယ့်​ဟာကိုယ်​​အေး​ဆေး​နေပါ '

My Beloved Lady Where stories live. Discover now