Episode 4

2.3K 231 18
                                    

My Beloved Lady
Episode 4

သူမ စာပို့သမား​လေးဆီက စာကို လက်​ခံထားပြီး အိမ်​ထဲသို့ ပြန်​ဝင်​လာခဲ့သည်

အိမ်​ထဲ​ရောက်​​တော့ ဧည့်​ခန်းထိုင်​ခုံမှာ ထိုင်​လိုက်​ပြီး စာကို ဖွင့်​လိုက်​သည်

စာကို ဖတ်​လိုက်​​တော့ သူမ မျက်​လုံး​တွေ ပြူးကျယ်​သွားသည်

ထိုအချိန်​ သူ အခန်းထဲက ထွက်​လာ​တော့ သူ့ကို ​မော့ကြည့်​ရင်း

'ရှင်​ ဘယ်​သူလဲ '

သူ ​သိလိုက်​ပြီ

သူက သူ့မအစ်​ကို မဟုတ်​ဘူးဆိုတာကို

'ကိုယ်​ရှင်းပြမယ်​ '

'မရှင်းနဲ့ ရှင်​လူလိမ်​ ဘာလို့ လိမ်​ပြီး ကျွန်​မတို့အိမ်​ကို လိုက်​​နေတာလဲ '

'ကိုယ်​ ရှင်းပြမယ်​ တကယ်​​တော့ ကိုယ်​ အိမ်​က မိန်းမ​ပေးစားတာ မလိုချင်​လို့ ထွက်လာတာ အဲ့ဒါကွာ '

'အို ရှင်​မလိုချင်​ရင်​ ​ပြော​ပေါ့ ပြီး​တော့ အဲ့ဒါနဲ့ ကျွန်​မတို့အိမ်​​ပေါ ရှင်​​ရောက်​လာတာနဲ့ ဘာဆိုင်​လဲ '

'မဆိုင်​​ပေမဲ့ ငါ အိမ်​မှာ မ​နေချင်​တာနဲ့ မင်းလာ​ခေါတာနဲ့ အ​တော်​ဖြစ်​သွားတယ်​​လေ '

'ဘာ ကျွန်​မက ရှင့်​ကို လာ​ခေါတယ်​ '

'ဟုတ်​တယ်​​လေ မင်းပဲ ကိုယ့်​ကို ရှင်​က Siwon မလားဆိုပြီး ဘာ​ခေါလို့ လိုက်​လာတာ​လေ '

'ဘာ ရှင်​ မိုက်​ရိုင်းလှ​ချည်​လား မဖြစ်​ဘူး ဒီကိစ္စ ​ဖေ​ဖေကို ​ပြောမှ ဖြစ်​မယ်​ '

သူမ ​ဖေ​ဖေကို ​ပြောမလို့ လှည်​ထွက်​ကာ ရှိ​သေး သူက သူမလက်​ကို ဆွဲလိုက်​ပြီး

'ခဏ​လေး ကိုယ်​​ပြောပါရ​စေ ကိုယ်​လဲ ရက်​ပိုင်း အတွင်း ပြန်​​တော့မလို့ပဲ ဦး​လေးကို မ​ပြောပါနဲ့​တော့ ဦး​လေး ​ရောဂါ တက်​​နေဦးမယ်​ '

'​သြော်​ ရှင်​က ​ချော်​လဲ​ရောထိုင်​တာ​ပေါ့​လေ ခုမှ ပြန်​​တော့မယ်​​လေး ဘာ​လေးနဲ့ မရဘူး ​ဖေ​ဖေကို ​ပြောမယ်​ '

သူမ ​သွား​ပြောမလို့ လုပ်​​နေတုန်း ​ဖေ​ဖေ အခန်းထဲက ​အော်​​ပြောသည်

My Beloved Lady Donde viven las historias. Descúbrelo ahora