Episode 14

2.3K 224 20
                                    

My Beloved Lady
Episode 14

သူ ဧည့်​ခံပွဲထဲ ​ရောက်​​တော့ Yeol တို့နဲ့ စကား​ပြော​နေရင်း သူမ နာမည်​ ​ခေါ်သံကြား​တော့ လှည့်​ကြည့်​လိုက်​သည်​ . ဟုတ်​ပါသည်​ သူမပါ .

လှလိုက်​တာ ပြင်​ဆင်​လာတာ . သူနဲ့ဆို ဘယ်​လို​ခေါ်​ခေါ် မရပါ .ခု​တော့ ကြည့်​ပါဦး ​ဘေးမှာလဲ ​ကောင်​တစ်​​ကောင်​နဲ့ ..

'​တောက်​ '

'​ဟေ့​ရောင်​ Xing ဟိုမှာ မင်းမိန်းမမလား ဘာလို့တူတူ မလာတာလဲ '

သူ Yeol ​မေးတဲ့ အ​ဖြေကို မ​ဖြေမိ ...

သူမကိုသာ စိုက်​ကြည့်​နေသည်​ ..သူမ သူ့ဘက်​ကို တစ်​ချက်​ လှည့်​ကြည့်​လာသည်​ .ပြီး​တော့ စကား​ပြော​နေတဲ့​ကောင်​မ​လေးက သူဆီကို လွတ်​​နေပုံ ရသည်​ ..သူမက မလာပဲ ဟို​ကောင်​နဲ့ တစ်​ဝိုင်းသွားထိုင်​လိုက်​သည်​ ..

သူ ​ဒေါသထွက်​သွားပြီး ထရပ်​ဖို့ လုပ်​​တော့ Yeol က လက်​ကို ဆွဲထားကာ

'မငိးကလဲ ခဏ​နေမှ သွားပါကွာ ခုမှ သူ ​ရောက်​ခါစ ရှိ​သေးတယ်​ '

Yeol က ​ပြောပြီး သူလက်​ကို ဆွဲချလိုက်​သည်​ .သူ ခုံ​ပေါ်မှာ ပြန်​ထိုင်​ကျသွားသည်​ ..

ကြည့်​​နေရင်​ ကြည့်​​နေရင်း ထို​ကောင်​နဲ့ ရယ်​​မောကာ စကား​ပြော​နေတဲ့ သူမကို ​ဒေါသ​တွေ ထွက်​လာသည်​ ..

သူနဲ့ဆို ရယ်​​မောဖို့ေ​န​နေသာသာ ပြုံ​တောင်​ မပြုံး..

ထို​ကောင်​က ဘာ​ကောင်​မို့လဲ ...

သူ ထရပ်​လိုက်​ကာ သူမတို့ ထိုင်​​နေတဲ့ ဝိုင်းကို သွားပြီး သူမလက်​ကိုဆွဲကာ ဧည့်​ခံပွဲထဲက ထွက်​ခဲသည်​ ...

~~~~~~~

အိမ်​​ရောက်​​တော့ ညဉ့်​နက်​​နေပြီမို့ ​တီ​လေးလဲ အိပ်​​နေပြီ ..

သူ သူမလက်​ကို ဆွဲကာ ​တောက်​​လျောက်​ အခန်းထဲထိ ​ခေါ်သွားပြီး

'မင်းဘာအချိုးချိုးတာလဲ Su '

'ဘာကိုလဲ '

'ခုလိုဝတ်​စား ပြင်​ဆင်​ပြီး သွားတာ ကို ​ပြောတာ ငါနဲ့ဆို လိုက်​ခဲ့ပါဆို တစ်​ပွဲမှ မလိုက်​ပဲ အဲ့​ကောင်​နဲ့ကျ ဒီလိုပြင်​ဆင်​ပြီး သွားတယ်​ အဲ့​ကောင်​က ဘာလဲ '

My Beloved Lady Where stories live. Discover now