Episode 13

2.2K 226 33
                                    

My Beloved Lady
Episode 13

'Hello သမီးလား '

'ဟုတ်​ကဲ့ ​ဖေ​ဖေ Suပါ ဘာဖြစ်​လို့လဲ ​ဖေ​ဖေ '

'သမီးကို ​ပြောစရာ ရှိလို့ '

'ဟုတ်​ကဲ့ ​ပြောပါ ​ဖေ​ဖေ '

'သမီး Minho ပြန်​​ရောက်​​နေတယ်​ '

'ရှင်​ '

'ဟုတ်​တယ်​ ​ဖေ​ဖေဆီ လာသွားတယ်​ ​ဖေ​ဖေက သမီး အိမ်​​ထောင်​ကျသွား​ကြောင်း ​ပြောလိုက်​​တော့ မျက်​နှာ ပျက်​သွားတယ်​ သမီးရယ်​ ​ရောက်​​ရောက်​ချင်း သမီးကို ​မေး​တော့ ​ဖေ​ဖေလဲ ​ပြောလိုက်​တာ သူက ​ပြော​သေးတယ်​ ​ကျွန်​​တော်​ ​နောက်​ကျသွားပြီ​ပေါ့တဲ့ ​ဖေ​ဖေလဲ စိတ်​မ​ကောင်းဘူး အရင်​က ကိုယ်​တူလို သားလို ​နေလာတဲ့သူက အဲ့လို​ပြော​တော့ စိတ်​ထဲ မ​ကောင်းဘူး သမီးရယ်​ '

ဖေ​ဖေက​တော့ စိတ်​မ​ကောင်းကြီးစွာ ​ပြော​နေသည်​ ..သူမ စိတ်​ထဲမှာ​တော့ တစ်​မျိုး . ဘယ်​လို​ပြောရမလဲဆို​တော့ တမ်းတတာမျိုးလား သူသိသွားလို့ အားနာ​နေတာမျိုးလား . မသိ​တောာ ...

သေချာတာ​တော့ Minho ဟာ သူမ​ပေါ်​ကောင်းခဲ့သူ တစ်​​ယောက်​ .သူမကို ချစ်​ခွင့်​​ပန်​ထားသူ တစ်​​ယောက်​ .

Minho ဟာ ချမ်းသာတဲ့အသိုင်းအဝိုင်းက ဆင်းသက်​လာသူတစ်​​ယောက်​ .

သူမ သူ့ကို ချစ်​ချင်​​ပေမယ့်​ သူ့အသိုင်းအဝိုင်းဘက်​က ထွက်​လာတဲ့ စကားသံ​တွေ​ကြောင့်​ သူမ မာန​ထားကာ သူ့ကို အ​ဖြေပြန်​မ​ပေးခဲ့ ..

သူ နိုင်​ငံခြားကို သွား​တော့ သူက Su ဆီက အ​ဖြေလိုချင်​တယ်​တဲ့ . သူရဲ့ချစ်​သူအဖြစ်​ တရားဝင်​ လွမ်းချင်​တယ်​တဲ့ ဒါ​ပေမယ့်​ သူမ ​ခေါင်းမငြိမ့်​ခဲ​ပေ. ပြန်​လာမှပဲ ​ပြော​တော့မယ်​လို့ ​ပြောပြီး သူ့စကားကို ငြင်းခဲ့သည်​ ..

ခု​တော့ သူပြန်​လာပြီ​လေ . သူမ သူ့ကို ​တွေ့ရမှာ အားနာ​နေမိသည်​ .သူမ​မျှော်​လင့်​ချက်​​တွေ ​ပေးပြီး​တော့ ဘာမှ မလုပ်​နိုင်​ခဲ့​တော့ ..

သူ့ကို အားနာတဲ့ စိတ်​​တွေသာ ကြီးစိုး​နေသည်​ ..

'သမီး ဖုန်းနံပါတ်​​တောင်းလို့ ​ဖေ​ဖေ​ပေးလိုက်​တယ်​ သူ ဖုန်းဆက်​လိမ့်​မယ်​ သမီး '

My Beloved Lady Where stories live. Discover now