Episode 7

2.2K 224 2
                                    

My Beloved Lady
Episode 7

သူက ကျယ်​ဝန်းတဲ့ ခြံကြီးတစ်​ခြံရဲ့ ​တံခါး​ရှေ့မှာ ကားကို ရပ်​လိုက်​သည်​ .. ပြီး​တော့ ဟွန်းနှစ်​ချက်​ တီးလိုက်​သည်​ ...

'ဒါ ကိုယ့်​တို့အိမ်​ပဲ '

သူမဘက်​ကို လှည့်​ကာ ​ပြောလိုက်​​တော့ သူမ ​ခေါင်းငြိမ့်​လိုက်​သည်​ ...

'လူ​တွေ အမြင်​မှာ မင်းနဲ့ကိုယ်​က လက်​ထပ်​ပြီးသား ဇနီး​မောင်​နှံ​နော် စကား​ပြော သတိထားပါ '

'အင်း '

ခဏအကြာ အသက်​လတ်​ရွယ်​ လူကြီးတစ်​​ယောက်​ ခြံတံခါး လာဖွင့်​​ပေးသည်​ ....သူက တံခါးပွင့်တာနဲ့ ခြံထဲကို တန်း​မောင်းသွားလိုက်​သည်​ ...

'ဟိုမှာ အိမ်​​ရှေ့မှာ ရပ်​​နေတာ ကိုယ့်​ အ​ဒေါ် '

သူက အိမ်​​ရှေ့မှာ ရပ်​​နေတဲ့ အန်​တီကြီး တစ်​​ယောက်​ကို ပြသည်​ ...သူမလဲ ​ခေါင်းငြိမ့်​လိုက်​သည်​ ...

ကားက ​ပေါ်တီကို ​အောက်​မှာ ရပ်​သွားသည်​ .. သူက ကား​ပေါ်က ဆင်းသွားပြီး သူမဘက်​လာကာ သူမကို ဆင်း​စေပြီး သူမလက်​​လေးကို ဆုပ်​ကိုင်​လိုက်​သည်​...

သူမ တွန့်​ခနဲ ဖြစ်​သွား​ပေမယ့်​ သူနဲ့ အလုပ်​လုပ်​​နေတာပဲ​လေ ဆိုပြီး ​တွေးလိုက်​သည်​ ...

သူမအတွက်​ ​ယောကျာ်း​လေးတစ်​​ယောက်​နဲ့ တွဲသွားတွဲလာ ဖြစ်​ရ​အောင်​ ရင်းနှီိးဖူးတာ တစ်​​ယောက်​မှ မရှိ ....

သူက သူမလက်​ကို ဆွဲကာ သူ့အ​ဒေါ်​ရှေ့ ​ခေါ်သွားရင်း

'​တီ​လေး ဒါ ကျွန်​​တော်​ လက်​ထပ်​ထားတဲ့ မိန်းက​လေးပါ Kim Suho တဲ့ Su ဒါ ကိုယ့်​အ​ဒေါ်​လေ Zhang Sooyoung '

'ဟုတ်​ကဲ့ Kim Suho ပါ တီ​လေး ​တွေ့ရတာ ဝမ်းသာပါတယ်​ '

'​အေး ​အေး သမီး လာ အိမ်​ထဲ ဝင်​ရ​အောင်​ '

အိမ်​ထဲ​ရောက်​​တော့ ဧည့်​ခန်းထဲမှာ ထိုင်​ စကား​ပြောကြသည်​ ...တီ​လေးက​တော့ သူမကို သ​ဘော​တွေ ကျ​နေသည်​ ... ​နေတာထိုင်​တာ ယဉ်​​ကျေးတာ​ရော ​ပြောတာဆိုတာ ယဉ်​​ကျေးတာ​ရော ရုပ်​ရည်​​ရော မျိုးရိုး​ရော ​ပြောစရာမရှိတဲ့ ...

My Beloved Lady Where stories live. Discover now