Bonus

3.3K 245 28
                                    

My Beloved Lady
Bonus

'အူဝဲ .. အူဝဲ '

သား​လေး​တွေ နိုး​နေပြီ . သူမ သား​လေး​တွေအတွက်​ အသင့်​​ဖျော်​ထားတဲ့ နို့ဘူး နှစ်​ဘူးကို ယူကာ အ​ပေါ်တက်​ခဲ့သည်​ ..

အခန်းထဲ​ရောက်​​တော့ သူက​တော့ အိပ်​​နေဆဲ​လေ ...သူမ သူ့ကို နှိုးလိုက်​ကာ

'ကို ခဏထဦး ​က​လေး​တွေကို နို့တိုက်​​ပေးဦး '

'အင်း အင်း '

သူက အိပ်​ချင်​မူးတူး ထလာပြီး သူမလက်​ထဲက နို့ဘူး​လေး​တွေကို ယူလိုက်​သည်​ ..

'က​လေး​တွေ​ရော '

'ဟိုမှာ ကို... အဲ့နားမှာပဲ သွားတိုက်​လိုက်​​နော်​ '

'အင်း '

'Su ထမင်းချက်​​နေလို့ '

'အင်း '

သူ့ကို ​ပြောပြီး သူမ ​အောက်​ပြန်​ဆင်းခဲ့သည်​ ..

ဒီ​နေ့ သူမတို့ မိသားစု ပန်းခြံထဲ သွားပြီး ​ပျော်​ပွဲစားထွက်​မလို့ သူမ ပြင်​ဆင်​စရာ ရှိတာ​တွေ ပြင်​ဆင်​​နေတာ ..

သူမတို့ အိမ်​​ထောင်​ သက်​တမ်း နှစ်​နှစ်​​ကျော်​မှာ သား​လေး အမြွာ နှစ်​​ယောက်​ ရလာတာ .သူက သား​လေး​တွေ ​မွေးတုန်းက ​ပျော်​​နေတာ ထခုန်​မတတ်​ ..

သူမလဲ သူရင်​​သွေး​လေး​တွေကို ​မွေးဖွား​ပေးရလို့ အရမ်းကို ​ကျေနပ်​​နေတာပါ ..

သူမ သွားဖို့အတွက်​ အကုန်​ ပြင်​ဆင်​ပြီး​တော့ အ​ပေါ်တက်​ခဲ့သည်​ ..အခန်းထဲဝင်​ဝင်​ချင်း​တွေ့လိုက်​တဲ့ မြင်​ကွင်း​ကြောင့်​ ရယ်​လဲ ရယ်​ချင်​သလို သူ့ကိုလဲ သနားမိသွားသည်​..

ကြည့်​ပါဦူး သား​လေး တစ်​​ယောက်​ဆီကို ဖင်​ပြန်​​ခေါင်းပြန်​ သူ့​ပေါင်​​ပေါ် ချီထားပြီး နို့တိုက်​​နေတာ.. သူလဲ အိပ်​​ပျော်ေ​နသည်​ ..

သူ့ကြည့်​ရတာ Return of SuperMan ထဲက Super Man ​ဖေ​ဖေနဲ့​တောင်​ တူ​နေပြီ​လေ .

သူမ တစ်​ချက်​ရယ်​လိုက်​ပြီး သူ့​ပေါင်​​ပေါ်က က​လေး​တွေကို ဆွဲယူပြီး ​ဘေးက ​မွေ့ယာ​ပေါ်ချသိပ်​လိုက်​သည်​ ...

My Beloved Lady Where stories live. Discover now