Episode 9

2.1K 209 13
                                    

My Beloved Lady
Episode 9

သူနဲ့အတူ ​လှေကား​ပေါ်က ဆင်းလာရင်း ဧည့်​ခန်းထဲမှာ ထိုင်​​နေတဲ့ သူ​တွေဆီ ကြည့်​လိုက်​​တော့ သူ ​ပြောတဲ့ အတိုင်း Luna ရယ်​ ​နောက်​ထပ်​ ​ယောကျာ်းကြီး တစ်​​ယောက်​ရယ်​ တီ​လေးရယ်​ ထိုင်​​နေကြသည်​ ..

သူမတို့ ဆင်းလာတာမြင်​​တော့ တီ​လေးက

'လာကြ​လေ သားတို့ ထိုင်​ကြ'

တီ​လေးက ကြိုဆို​နေ​ပေမယ့်​ သူမ မျက်​နှာ ​ပေါက်​ထွက်​မတတ်​ ကြည့်​​နေတဲ့LUna က​တော့

'နင်​ နင်​ Kim Suho '

'သမီးတို့က သိ​နေကြတာလား Su '

'ဟုတ်​ကဲ့ တီ​လေး Su က သူ့Com မှာ အလုပ်​လုပ်​တာပါ '

'​အော်​ အဲ့လိုလား ​အေး ​အေး သိ​တော့လဲ သီးသန့်​ မိတ်​ဆက်​​ပေးစရာ မလို​တော့ဘူး​ပေါ့ '

တီ​လေးက ပြုံးပြစွာ ​ပြောလိုက်​သည်​ .. Luna က​တော့ မယုံကြည်​စွာ သူမကို စိုက်​ကြည့်​​နေသည်​ ...

'တီ​လေး ဘာ​ပြောစရာ ရှိလို့လဲ '

သူက ထိုသူ​တွေ လာတာကို စိတ်​ထဲ သ​ဘောမကျတဲ့ပုံနဲ့ တီ​လေးကို ​မေးလိုက်​သည်​ ..

'​သြော်​ သားတို့ မင်္ဂလာ ကိစ္စကို Mr.Lee တို့ကို ​ပြောရ​အောင်​​​ ​ခေါ်လိုက်​တာ​လေ '

'တီ​လေးကလဲ ဒီလိုကြီး သီးသန့်​​ခေါ်​ပြောစရာလိုလို့လား မနက်​ဖြန်​ဆို သူ့ဟာ့သူ သိသွားမှာပဲကို ​ပြောစရာ မရှိ​တော့ရင်​ ကျွန်​​တော်​တို့ကို ခွင့်​ပြုပါဦး '

သူက ​ပြောလိုက်​တာနဲ့ တစ်​ပြိုင်​နက်​ Su လက်​ကို ဆွဲကာ ထရပ်​လိုက်​သည်​ ...

ပြီး​တော့ ဘယ်​သူ့ကိုမှ ဂရုမစိုက်​ပဲ အိမ်​​ပေါ် ပြန်​တက်​ခဲ့သည်​ ..

အခန်းထဲ ​ရောက်​​တော့မှ Su လက်​ကို လွတ်​​ပေးလိုက်​ပြီး

'ရှင်​ကလဲ တီ​လေးကို အားနာစရာကြီး '

'ကိုယ်​ အားနာ​ပြီး ထိုင်​​နေရင်​ အဲ့နားမှာတင်​ လူသတ်​ပွဲ ဖြစ်​သွားလိမ့်​မယ်​ '

'သူတို့က အဲ့​လောက်​​တောင်​ဆိုးလား '

'​နောက်​ဆို မင်း သိလာမှာပါ '

My Beloved Lady Where stories live. Discover now