Episode 11

2.1K 227 30
                                    

My Beloved Lady
Episode 11

'တီ​လေး မုန့်​​လေး​တွေ ယူသွားဦးမလားး '

'မယူ​တော့ဘူး သမီးရယ်​ ဘုရားဖူးပြီး ​နေ့လည်​ကျ ပြန်​လာမှာပဲ​လေ ခဏပါပဲ '

'ုဟုတ်​ကဲ့ပါ တီ​လေး ​ဖြေး​ဖြေးသွားပါ​နော်​ '

'​အေး ​အေး သမီး '

တီ​လေးက သူ့သူငယ်​ချင်း​တွေနဲ့ ဘုရား​ပေါ်သွားကာ ဘုရားတရား အလုပ်​လုပ်​ကြမည်​ဟု ဆိုကာ မုန့်​​တွေ အသီးအနှံ​တွေ ယူသွားသည်​ ..တီ​လေးလဲ အသက်​အရွယ်​​ရောက်​လာပြီဆို​တော့ ဘုရားတရားအလုပ်​ပဲ လုပ်​ချင်​​တော့တယ်​တဲ့ ....

သူမ တီ​လေးကို နှုတ်​ဆကိပြီး အိမ်​ထဲ ဝင်​ခဲ့​တော့ အိမ်​နှစ်​ခုကြားက တံခါးက​နေ ​စောင့်​​နေတဲ့ Mr.Lee ...

'​​ဒီမှာ Kim Suho '

သူမကို လှမ်း​ခေါ်လိုက်​တဲ့ အသံ .. ​လေးစားမှုအလျင်း မရှိ .. သူတို့​နေ​နေတဲ့ အိမ်​ရဲ့ အရှင်​သခင်​ကို ​ခေါ်လိုက်​တဲ့ အသံက သူတို့ရဲ့ လက်​​အောက်​ငယ်​သားကို ​ခေါ်လိုက်​တဲ့ အတိုင်း...

သူမ မကြားချင်​​ယောင်​​ဆောင်​ရင်း ဆက်​သွားဖို့ လုပ်​လိုက်​​ပေမယ့်

'Kim Suho ​ခေါ်​နေတာ မကြားဘူးလား '

'​အော်​ ကျွန်​မကို ​ခေါ်​နေတာလား '

'မင်းနာမည်​​ခေါ်​နေတာပဲ မင်းကို ​ခေါ်​နေတာ​ပေါ့ Kim Suho '

'ဟုတ်​လား ကျွန်​မက​တော့ Su လို့​ခေါ်တာများ​တော့ ကိုယ့်​နာမည်​အရင်း​တောင်​ ​မေ့ချင်​​နေပြီ '

သူက တစ်​ချက်​မဲ့လိုကိပြီး

'မင်းကို ​ပြောစရာ ရှိလို့ ခဏလိုက်​ခဲ့ ဒီဘက်​ကို '

'Sorry ပါ Mr.Lee ရယ်​ ကိုက ကျွန်​မကို မှာထားတယ်​ ​ခေါ်တိုင်း မသွားနဲ့တဲ့ မဖြစ်​သင်​တဲ့ကိစ္စ​တွေ ဖြစ်​ကုန်​လိမ့်​မယ်​တဲ့ '

'ဟ မင်းစကား​တွေက ငါတို့ကို ​စော်​ကား​နေတာပဲ Kim Suho '

'ကျွန်​မက ကို မှာထားတဲ့အတိုင်း​နေတာပါ ​ပြောစရာမရှိရင်​ ...'

'ခဏ​လေး မင်းကို ရှင်းရှင်းပဲ ​မေး​တော့မယ်​ မင်းကို Xing က ဘယ်​​လောက်​နဲ့ ငှားထားတာလဲ '

My Beloved Lady Where stories live. Discover now