Ep-3

3.4K 275 2
                                    


       ဟင်...အရှေ့မှာ ...အတန်းပေါက်ဝနားမှာ အတန်းပြင်ကို ထွက်ဖို့သွားနေတဲ့ နောက်ကျော လေး...ဟုတ် တယ်...လွန်ခဲ့တဲ့ နှစ် နှစ်ကျော်ကတည်း က ကျွန်တော့် မျက်လုံးထဲ က ထုတ်မရခဲ့တဲ့...သူ့ရဲ့...
နောက်ကျော လေး...

       "Jong...Jongin..."
      ကျွန်တော် သူ့နာမည်လေးအား တီးတိုးရွတ်ဆိုရင်း ထိုနေရာမှာပင် မတ်တပ် ကြောင် ငေးကြည့်နေမိသည်။ တဖြေးဖြေးသူ အတန်းထဲကထွက်သွားတယ်...ဒီအချိန်ဒီလိုရပ်ပြီးကြောင်နေရမဲ့ အချိန်မဟုတ်ဘူး kyungsoo မင်း အရင်တခါလို နောက်ကျသွားမယ် ...ကျွန်တော်စိတ်ထဲမှကိုယ့်ကိုယ်ကိုပြန်သတိပေးရင်း... ဟုတ် တယ် ...ငါအမှီလိုက်ရမယ်...

"သွားမယ်လေ kyunsoo ဘာလုပ် ?မင်းပဲ ငါ့ကိုမြန် မြန်လုပ်ဆိုပြီး ခုကျ တော့ yarr ...yarr...kyungsoo~yarr"

       baekhyun ပြောနေသည်ကိုပင် ဆုံးအောင်နားမထောင်လိုက်.. ကျွန်တော်ထိုနေရာမှ ပြေးထွက်၍ သူ့နောက်ကို အမှီလိုက် မိသည်။ " ကျေးဇူးပြု ပြီး မှီပါစေ" ...

        အတန်းပြင်ရောက်တော့ လူတွေကြားထဲကနေ ph ပြောရင်း ထောင့်ချိုး လမ်းတစ်ခု ကိုချိုးကွေ့သွားသော သူ့နောက်ကျောကို ခပ်ရေးရေးမြင် လိုက်ရသည်။ကျွန်တော် ရှုပ်ထွေးနေသော ကျောင်းသူကျောင်းသားများကြားတိုးဝှေ့ကာ သူ့နောက်အပြေးလိုက်မိသည်။

       ဟော ...အရှေ့မှာ တွေ့နေရပြီ ခပ်သွက်သွက်လှမ်းနေတဲ့သူ... နည်းနည်းအရှိန်တင် ပြေးရင် မှီပြီ kyungsoo...fighting!!...အနက်ရောင် ကုတ် အင်္ကျီ ဝတ်ထားပြီး အရပ်အသင့်အတင့်ရှည်တဲ့သူက လူကြားထဲမှာ ထင်းနေအောင် ပေါ်လွင်ပါတယ်...

       သူ ကားပါကင် ဘက် ကွေ့သွားတာပဲ ...Oh ...မှီတော့မယ် ...မနားတမ်းပြေးလာသောကျွန်တော် သေလောက် အောင် မောဟိုက်နေပေမယ့် ...သူ့ကိုတွေ့ချင် စိတ်ကြောင့် သိပ်မမော သလိုပင်...ဟုတ်ပါတယ် ...ကြိမ်းသေပါတယ်...သူမှသူအစစ်ပါ ...ကျွန်တော့်ရဲ့ jongin အစစ်ပါ...

      ကား ပါကင် ကကားတစ်စီးရှေ့မှာ သူမတ်တပ်ရပ်လိုက်တော့ ...နောက်က လိုက်လာတဲ့ကျွန်တော်လည်းအ ရှိန်လျော့မိသည်။ဟူး...တ်ာသေးတာပေါ့ ...မှီလို့...ကျွန် တော် ခုမှ ပေါ့ပါးသွားသလို သက်ပြင်းချရင်းသူ့ကိုခေါ်ဖို့သူ့နားအရောက်သွားရန် ခြေလှမ်းလိုက်စဉ်...

~ချစ်ခြင်းစေရာ~Where stories live. Discover now